Connect with us

Politics, Law & Military

မြန်မာအမျိုးသားလေကြောင်း ပိုင်ဆိုင်မှု ကျပ် ၂၀၄ ဘီလျံ တိုးမြင့်လာ


နေပြည်တော်၊ မေ ၂၁ ရက်(ဆင်ဟွာ)

မြန်မာအမျိုးသား လေကြောင်းသည် ကော်ပိုရေးရှင်းအသွင်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ရာ ယခင်က ပုံသေပိုင် ပစ္စည်း တန်ဖိုး ၉၈ ဘီလျံသာ ရှိခဲ့ရာမှ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ၃၀၂ ဘီလျံ ရှိလာ သဖြင့် နိုင်ငံတော်က ၂၀၄ ဘီလျံ တိုးမြင့် ပိုင်ဆိုင်လာခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဒုတိယ တစ်နှစ်တာ အကောင်အထည် ဖော်နိုင်မှုများ ဆိုင်ရာ ယနေ့ညနေ သတင်းစာရှင်းပွဲ၌ ပြောကြား သည်။

“ရန်ကုန် ၊ နေပြည်တော်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များအား ပုဂ္ဂလိက ပါဝင်မှု ပြုခြင်း၊ ပြည်တွင်းလေဆိပ်များ အဆင့်မြှင့် တင်နိုင်ခြင်း တို့ကြောင့် လေကြောင်း ကဏ္ဍပိုမို ဖွံ့ဖြိုး တိုးတက် လာတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်တွင် ခရီးသည် ၅၈၇,၂၇၂ ဦး ရရှီ ခဲ့ပြီး၂၀၁၆ -၁၇ ဘဏ္ဍာနှစ်တွင် ၁,၀၂၇,၉၀၄ ဦးရရှိခဲ့သဖြင့် ယခင်နှစ်ထက် နှစ်ဆခန့်ရရှိခဲ့ကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၁,၄၂၅,၄၃၉ ဦးထိ တိုးတက်ရရှိခဲ့ကြောင်း၊ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်မှုမှာ လည်း ၂၀၁၆ – ၁၇ တွင် အမေရိကန်ဒေါ်လာ ၁၀၃ သန်း၊ ၂၀၁၇ – ၁၈ တွင် ၁၀၄ သန်း ရှာပေးနိုင်ခဲ့ ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၌ သတင်းစာရှင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ထိုသို့တိုးတက်လာသော လေကြောင်းသွားလာမှုအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကမ္ဘာ့အဆင့်မီ လေဆိပ်တစ်ခုကို တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းခန့်ဝင်ထွက် အသုံးပြုနိုင်စေရန်နှင့် အဆင့်လိုက် ထပ်မံ တိုးချဲ့ဆောင်ရွက်နိုင်မည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုအဖြစ် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် စီမံကိန်းအားအကောင်အထည်ဖော်လျက်ရှိကြောင်း၊ လေကြောင်း ပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးဌာနသည် လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ပျံသန်းနိုင်ရန် ပြည်တွင်း လေကြောင်းလမ်း ၃၆ ခု၊ ပြည်ပ လေကြောင်းလမ်း ၂၀ ခုတို့အား ၂၄ နာရီတာဝန်ယူ ထိန်းသိမ်း စောင့်ရှောက် ပေးလျက်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.