Connect with us

Politics, Law & Military

မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက် အနေဖြင့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲ ရပ်တည်ပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည်

မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်မှ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက် အနေဖြင့် “က’’ အစု ရှယ်ယာရှင်များအား “ခ” အစုရှယ်ယာ အဖြစ် လွှဲပြောင်း ပြီးစီးကြောင်း နှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်အား ၁၉၅၀ ပြည့်နှစ် ၊ အထူးကုမ္ပဏီ အက်ဥပဒေ ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့သည့် ကုမ္ပဏီ မှ ၁၉၁၄ ခုနှစ် ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများ နှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲရပ်တည်ပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက် မှ ကြေညာချက် ထုတ်ပြန်သည်။

မြန်မာ့စီးပွါးရေးဦးပိုင်လီမီတက်ကို ၁၉၉၀ ပြည့်နှစ် ဧပြီ လ ၂၇ ရက်နေ့တွင် အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး “က”အစုရှယ်ယာရှင်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးတို့မှ ထည့်ဝင်ပြီး “ခ’’ အစုရှယ်ယာရှင်များတွင် စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းများ ၊တပ်ရင်း/တပ်ဖွဲ့များ မှ ထည့်ဝင်ခဲ့ကြသည်။

ကုမ္ပဏီကို ဒါရိုက်တာအဖွဲ့ နှင့် အစုရှင်များ၏ သဘောတူညီချက်အရ “က’’ အစုရှင်၏ အစုရှယ်ယာများ ကို “ခ’’ အစုရှင်သို့ လွှဲပြောင်းခွင့် နှင့် ၁၉၅၀ ပြည့်နှစ်၊ အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းထားသော အထူးကုမ္ပဏီ အဖြစ်မှ ၁၉၁၄ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသော အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲခွင့် ကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၉၀/၂၀၁၆ ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် (Myanmar Economic Holdings Limited ) အား အများ နှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲခွင့်ပြုခဲ့ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.