Connect with us

Politics, Law & Military

မြန်မာ့ရေပိုင်နက် လုံခြုံရန် ကမ်းခြေစောင့်တပ် ဖွဲ့ရေး စီစဉ်လျက်ရှိ

ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး မေးမြန်းနေစဉ် (ဆင်ဟွာ)

နေပြည်တော် မတ်လ ၁၃ ရက်(ဆင်ဟွာ)

မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း ပိုမို လုံခြုံရေးအတွက် ကမ်းခြေစောင့် တပ်ဖွဲ့ဖွဲ့စည်း တာဝန် ပေးအပ်ရန် စီစဉ်ဆေင်ရွက်လျက်ရှိသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယနေ့ ပြောခဲ့သည်။

“မြန်မာ့ တပ်မတော်အနေနှင့် ကမ်းခြေစောင့် တပ်ဖွဲ့အား ကာကွယ်ရေး ဝန်ကြီးဌာန အောက်တွင် ထည့်သွင်း ဖွဲ့စည်းပြီး တပ်မတော်၏ ကွပ်ကဲမှု အောက်တွင် ထားရှိ၍ လုပ်ငန်း တာဝန်များ ထမ်း ဆောင်နိုင်ရန် လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူပြီး ဖွဲ့စည်း တာဝန်ပေးအပ်ရေး ဆောင်ရွက် လျက် ရှိပါတယ်” ဟု ဒုတိယ ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၏ အမေးကို ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ပင်လယ်ပြင်အတွင်း တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ အဓိက ဆောင်ရွက်ရသည့် ကမ်းခြေစောင့် တပ်ဖွဲ့အား နိုင်ငံတကာနည်းတူ ဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်လျက် ရှိရာ ကမ်းခြေစောင့် တပ်ဖွဲ့ များ အနေဖြင့် မြန်မာ့ ပင်လယ်ပြင် တရား ဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ ပင်လယ်ဓားပြရန် ကာကွယ် ရေး၊ ကုန်သွယ် ရေကြောင်းလမ်းများ၊ ရေယာဉ်နှင့် ဆိပ်ကမ်းများ ဘေးကင်း လုံခြုံရေး၊ ရေကြောင်း မတော်တဆမှုများ စုံစမ်း စစ်ဆေးရေး၊ ပင်လယ်ပြင်ရှိ စွမ်းအင် သယံဇာတနှင့် ငါးလုပ်ငန်း စသည့် ရေကြောင်း အကျိူးစီးပွားများအား ကာကွယ် စောင့်ရှောက်ရေး၊ ပင်လယ်ပြင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊ ရေထုညစ်ညမ်းမှု ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး၊ ရေကြောင်း နယ်နိမိတ် စောင့်ကြပ် ကြည့်ရှုရေး၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် သွားလာနေသော အပန်းဖြေ စက်တပ် ရွက်လှေ ခရီးစဉ်များ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဆောင်ရွက်နေသော ကျွန်းများရှိ အပန်းဖြေ ပြည်သူများနှင့် ရေလုပ်သားများ၏ လုံခြုံရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် ကူညီ စောင့်ရှောက်ပေးရေး၊ စသည်တို့ကို အဓိက ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ကမ်းခြေစောင့် တပ်ဖွဲ့ ဖွဲ့စည်းထားခြင်း မရှိသေး၍ ၎င်းတာဝန်များကို တပ်မတော် (ရေ)က တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး ကမ်းခြေစောင့် တပ်ဖွဲ့အား ဖွဲ့စည်းပြီးပါက တပ်မတော်၏ ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေး ဦးစီးဌာန၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ ရေ အရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စသည့် ရေကြောင်းဆိုင်ရာ အဖွဲ့အစည်း များမှ ကျွမ်းကျင်သူ ကိုယ်စား လှယ်များ ပါဝင်သော ICC (Integrated Command Center) တစ်ခု တည်ထောင်၍ တပ်မတော် (ရေ) က ဦးဆောင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အကြား သတင်း အချက်အလက်များ ရယူ ဖလှယ်ကာ အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ် တုံ့ပြန်ဆောင်ရွက်သွားခြင်းဖြင့် မြန်မာ့ ပင်လယ်ပြင်အား ပိုမို လုံခြုံ စိတ်ချစွာ ကာကွယ်စောင့်ရှောက်သွားနိုင်မှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြေကြားနေစဉ် (ဆင်ဟွာ)

တပ်မတော်(ရေ) အနေဖြင့် မြန်မာ့ ပင်လယ်နှင့်ကမ်းရိုးတန်း တစ်လျှောက်တွင် စစ်ဆင်ရေး၊ နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာ၀ ဘေးအန္တရာယ် ကျရောက် သည့်နေရာများတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး၊ စသည့် လုပ်ငန်း တာဝန်များကို စစ်ရေယာဉ်များဖြင့် သက်ဆိုင်ရာ ရေပြင် ဧရိယာများ အလိုက် ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများကြောင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ ပြည်တွင်း ငါးခိုးလှေ ၉၄ စင်း၊ ပြည်ပ ငါးခိုးလှေ ၈၃ စင်း၊ ငါးမိုင်းခွဲလှေ ၃၉ စင်း၊ မှောင်ခိုလှေ ၃၀ စင်း၊ စည်းကမ်း ပျက် ငါးဖမ်းလှေ ၁၀၀ စင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်လှေ ၇၇ စင်း၊ သစ်ခိုးလှေ ၂၆၀ စင်း၊ လူမှောင်ခို လှေ ၁၇ စင်း၊ တရားမဝင် ဆီတင်လှေ ငါးစင်း၊ ကျွဲနွား ဆိတ် မှောင်ခိုလှေ ၅၄ စင်း၊ တရားမဝင် စက်တပ် လက်ခတ်လှေ ခုနစ်စီး – စုစုပေါင်း ၇၆၆ စင်းတို့အား မြန်မာနိုင်ငံသား တရားခံ ၃၆၇၇ ဦး၊ နိုင်ငံခြားသား တရားခံ ၁၅၉၈ ဦး စုစုပေါင်း ၅၂၇၅ ဦးနှင့်အတူ ဖမ်းဆီး ပေးနိုင်ခဲ့ပြီး ဖမ်းဆီးရမိ တန်ဖိုးငွေ ကျပ် ဘီလျံ ၂၂၀ ကျော် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီး ပြောခဲ့ သည်။

လက်ရှိ၌ မြန်မာ့ ကမ်းရိုးတန်း လုံခြုံရေးအတွက် ရေဒါများကို အရေးကြီး အချက်အခြာ ရေ လမ်း ကြောင်းများ နေရာတွင် တပ်ဆင်ပြီး ဖြစ်သော်လည်း ကမ်းရိုးတန်း တစ်ခုလုံး ခြုံမိစေရန် ရေဒါများ ဆက်လက် တပ်ဆင်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကမ်းရိုးတန်းစောင့်ကြည့်ရေဒါမှ ပုံရိပ်များ ဖမ်းယူရရှိ သော်လည်း ရေဒါများတွင် တပ်ဆင်ထား သော အလိုအလျောက် ရေယာဉ် စိစစ် ခွဲခြား သောစနစ် (AIS:_Automatic Identification System) ၊ ရေယာဉ် စောင့်ကြည့်ရေး စနစ် (VMS:_ Vessel Monitoring System) များဖြင့် ရန်သူ ၊ မိတ်ဆွေ ခွဲခြား ဆောင်ရွက်ရပြီး အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ်(IMO)၏ စံသတ်မှတ်ချက်အရ တန်ချိန် သုံးရာ အထက်ရှိ ရေယာဉ်များတွင် AIS တပ်ဆင်ခြင်းဖြင့် လည်းကောင်း၊ တန်ချိန် သုံးရာ အောက်ရှိသော ရေယာဉ်များတွင် VMS ကဲ့သို့ စနစ် များ တပ်ဆင်ခြင်းဖြင့်လည်းကောင်း ရေယာဉ် ငယ်များမှ ထုတ်လွှင့်သည့် Transporter တပ်ဆင်ခြင်း တို့ဖြင့် စောင့်ကြပ် စိစစ် ခွဲခြား ဆောင်ရွက် လျက် ရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် VMS တပ်ဆင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည့်အတွက် တပ်မတော်ရေ ကမ်းရိုးတန်း စောင့်ကြည့်ရေး ရေဒါများ အနေဖြင့် တန်ချိန် သုံးရာအထက် ရေယာဉ်များကို ရန်သူ မိတ်ဆွေ စိစစ် ခွဲခြားနိုင်သော်လည်း တန်ချိန် သုံးရာအောက် ရေယာဉ်များ ဖြစ်သည့် ငါးဖမ်းရေယာဉ်နှင့် အခြား ရေယာဉ်များအား ရေဒါ ပုံရိပ် ဖမ်းယူ ရရှိသော် လည်း ရန်သူ မိတ်ဆွေ ခွဲခြားနိုင်ခြင်း မရှိသေးကြောင်း၊ ဧရိယာ ၁၄၄၉၁၁၁ စတုရန်းမိုင် ရှိပြီး ကမ်းရိုးတန်း အရှည် ၁၂၆၀ မိုင် ရှည်လျားသော မြန်မာ့ ပင်လယ် ပြင်အား လုံခြုံ စိတ်ချစွာ ကာကွယ်နိုင်ရန် ပို့ဆောင်ရေးနှင့် အခြား ရေကြောင်းဆိုင်ရာ အဖွဲ့အစည်း များ ပူးပေါင်းပြီး ရေကြောင်း လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.