Connect with us

Politics, Law & Military

မြန်မာ နိုင်ငံ ရဲ့ ပြုပြင် ပြောင်း လဲ ရေး နောက် ကြောင်း မပြန် သလို ရပ် နေမှာလည်း မဟုတ်ဟု ဦးရဲထွဋ်ဆို


ရန်ကုန် ၊ မေ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးသည် နောက်ကြောင်း မပြန်သလို ရပ်နေမှာလည်း မဟုတ်ကြောင်း၊ ပြောင်းလဲမှု အများစုသည် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပေါ်နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ယနေ့ကျင်းပသည့် The Economist Event ၏ မြန်မာ့ အရေးညီလာခံ (Myanmar Summit) တွင်ပြောသည်။

ပြောင်းလဲမှု အများစုက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့အရင် ဖြစ်ပေါ်နေပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကောင်အထည် ဖော်ဖို့က ပိုပြီး စိန်ခေါ်မှုတွေ များပြီး အကောင်အထည်ဖော် ဖို့လည်း အချိန်ပို လိုအပ်ပါတယ်။ အထူးသဖြင့်် လက်ရှိကြုံတွေ့ နေရတဲ့ စွမ်းရည် ပြည့်ဝမှု အခက်အခဲ တွေကြောင့် ဖြစ်ပါတယ်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ Myanmar Summit သို့ မြန်မာနိုင်ငံ၏ အစိုးရဌာနများနှင့် နိုင်ငံရေး ပါတီများမှ အကြီးအကဲများနှင့် တကွ နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အသိညာရှင် အတတ်ပညာရှင် များစွာလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် The Economist Event ၏ Myanmar Summit တွင် မိန့်ခွန်းပြောကြားနေပုံ (ဆင်ဟွာ)

The Economist Event ၏ Myanmar Summit ကို ရန်ကုန်မြို့ Strand ဟိုတယ်၌ ကျင်းပနေပုံ မြင်ကွင်း (ဆင်ဟွာ)

အခမ်းအနားတွင် ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်း ခဲ့ချိန်မှ စတင်၍ မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်ပြောင်းလဲ တိုးတက်ခဲ့သော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများကို သုံးသပ် ဆွေးနွေး သွားခဲ့သည်။ တက်ရောက်လာသူများ ကလည်း မြန်မာနိုင်ငံ၏ ရှေ့အနာဂတ် အလားအလာများကို ခြုံငုံ ဆွေးနွေးခဲ့ပြီး ယခုနှစ် နှောင်းပိုင်း နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံံ့ အနာဂတ်အတွက် အရေးပါကြောင်း တက်ရောက် လာသူများက ဆွေးနွေးကြသည်။

ဦးရဲထွဋ်က “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ မတည်မငြိမ်မှုတွေကို ရှောင်ရှား နိုင်အောင် ရေးဆွဲထားတာပါ။ မြန်မာ လူမျိုးတွေ အနေနဲ့ ပဋိပက္ခတွေ၊ အငြင်းပွားမှုများကြောင့် ရပ်တန့်နေမှုတွေနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကနေ အထီးကျန် နေတာတွေကို စိတ်ကုန်နေပါပြီ” ပြောကြားသည်။
တက်ရောက်လာကြသူများတွင် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာ အောင်ထွန်းသက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အကြီးတန်း ဥပဒေရေးရာ အကြံပေး ရောဘတ်ဆန်းဖေနှင့် အခြားသော အဆင့်မြင့် တာဝန်ရှိသူများလည်း ပါဝင်သည်။

အခမ်းအနား၏ ဆွေးနွေးပွဲများကို ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည့် The Economist ၏ ၂၀၁၀-၂၀၁၄ ခုနှစ် အတွက် အရှေ့တောင် အာရှတွင်း Correspondent ဖြစ်သူ Richard Cockett ကလည်း မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်သော အခြေအနေများ၊ အနာဂတ်တွင် ကြုံတွေ့ရမည့် အလားအလာများနှင့် ပတ်သက်၍ ၎င်း၏ အမြင်များကို ဆွေးနွေး ပြောကြားခဲ့သည်။
The Economist Event သည် အကြီးတန်း အမှုဆောင်များအတွက် ဗျူဟာပိုင်း ဆိုင်ရာ အတွေးအမြင်များ ရှာဖွေနိုင်ရန် နိုင်ငံတကာ ဆွေးနွေးပွဲများကို ဦးဆောင် စီစဉ်သူ တစ်ဦးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.