Connect with us

Politics, Law & Military

အမေရိကန် မှ မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ် ဆို့ မှု သက်တမ်း (၁) နှစ် ထက်မံ တိုးမြှင့်

အမေရိကန် သမ္မတ ဘားရက် အိုဘားမား( Barack Obama) မှ ဝါရှင်တန် ရှိ အိမ်ဖြူတော် တွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဘားရက် အိုဘားမား( Barack Obama) မှ မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု သတ်တမ်း အား (၁) နှစ် ထက်မံ တိုးမြှင့် ကြောင်း မေလ (၁၅) က ထုတ်ပြန် ကြေညာ ခဲ့ပါသည်။

အရေးယူ ပိတ်ဆို့မှု နှင့် ပတ်သက်၍ ကွန်ကရက်စ် လွှတ်တော် ထံ အကြောင်း ကြားခဲ့ ရာတွင် မြန်မာ နိုင်ငံ အစိုးရ သည် နိုင်ငံရေး အကျဉ်းသား ၁၃၀၀ ကျော် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ၊ တစ်နိုင်ငံ လုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲ ရေး ကို ဆောင်ရွက် ခဲ့ကြောင်း ၊ စစ်တပ် မှ ကလေး စစ်သား များ ကိုလည်း ထွက်ခွာ ခွင့်ပြုခဲ့ကြောင်း ၊ လွတ်လပ်ခွင့်ကို ပိုမိုကျယ်ပြန့်စွာ ခွင့်ပြု ထားရှိမှု စသည့် ပြန်လည် ပြုပြင်ရေး အစီအစဉ် ကောင်းများ ပြုလုပ် ခဲ့ကြောင်း ၊ သို့သော် ရခိုင် ပြည်နယ် အပါအဝင် လူမျိုးစု ဒေသ တွေ မှာ ရှိနေဆဲ ဖြစ်တဲ့ ပဋိပက္ခ တွေ နဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေ အပေါ် အထူး စိုးရိမ် နေရဆဲ ဖြစ်ပြီး အမေရိကန် အမျိုးသား လုံခြုံရေး နှင့် နိုင်ငံခြားရေး မှုဝါဒ အပေါ် ခြိမ်းခြောက် လျက်ရှိသောကြောင့် မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု ကို သက်တမ်း (၁) နှစ် ထက်မံ တိုးမြှင့် မည် ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

ထို ကြေငြာ ချက် တွင် မြန်မာ နိုင်ငံ အပေါ် ပိတ်ဆို့မှု သက်တမ်း (၁) နှစ် တိုးမြှင့် သွားမည် ဖြစ်သည့် အတွက် ၂၀၁၅ ခုနှစ် မေလ ၂၀ ရက် ကို ကျော်လွန် သက်ရောက် သွားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ထုတ်ပြန်ချက် တွင် ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117