Connect with us

Politics, Law & Military

မြန်မာ-မော်ရိုကို အစိုးရ အကြား သံတမန်နှင့် အထူး/ဝန်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ပြည်ဝင် ဗီဇာ ကင်းလွတ်ခွင့် ပေးရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ် ရေးထိုး

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နှင့် မော်ရိုကိုနိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Mounia Boucetta တို့ လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်အစိုးရ နှင့် မော်ရိုကို အစိုးရ တို့ အကြား သံတမန်နှင့် အထူး/ဝန်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နှင့် မော်ရိုကိုနိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Mounia Boucetta တို့သည် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲ ယန္တရား ထူထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လည်း လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

မော်ရိုကို နိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် သွားရောက်သည့် ခရီးစဉ် အတွင်း ထိုကဲ့သို့လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မော်ရိုကိုနိုင်ငံ ရာဘတ်မြို့၌ ဇူလိုင် ၃ ရက်က ကျင်းပသည့် ပထမအကြိမ် မြန်မာ-မော်ရိုကို နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီးဌာနများအကြား ညှိနှိုင်း ဆွေးနွေးပွဲ ယန္တရားအား စတင် ထူထောင် နိုင်ခြင်း အပေါ် ကြိုဆိုခဲ့ကြပြီး မြန်မာ-မော်ရိုကို နှစ်နိုင်ငံဆက်ဆံရေး ပိုမို ခိုင်မာစေရေး၊ ချစ်ကြည် ရင်းနှီးမှု နှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆန္ဒရှိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၈ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် ၄ဝ ပြည့် အထိမ်းအမှတ် အစီအစဉ်များ ပြုလုပ်ရေးနှင့် ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်သွား ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.