Connect with us

Politics, Law & Military

မြန်မာ အစိုးရက ဒုက္ခသည်များအား စိစစ်လက်ခံရေး လုပ်ငန်းစဉ် လုပ်ဆောင်သွားရန် ထပ်မံ ကတိပြု

ပြည်ထောင်စု ၀န်ကြီး ဦးဆောင်သည့် အဖွဲ့ သည် ရသေ့တောင် မြို့ နယ် ၊ အနောက်ပြင် ကျေးရွာရှိ အစ္စလာမ် ဘာသာဝင် ကျေးရွာသူ/သားများ နှင့် တွေ့ ဆုံစဉ်(ဆင်ဟွာ)

စစ်တွေ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ပိုင်း၌ အောက်တိုဘာလ အတွင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုများအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ထွက်ပြေးသွားသည့် ဒုက္ခသည်များအား ပြန်လည် စိစစ် လက်ခံရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်သွားရန် မြန်မာအစိုးရက ထပ်မံ ကတိပြုခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ပဋိပက္ခ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်သို့အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ် ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ ထိုင်း နှင့် လာအို နိုင်ငံတို့မှ သံအမတ်များ နှင့် သံတမန်များနှင့် အောက်တိုဘာ ၁၀ ရက်တွင် သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း ထိုကဲ့သို့မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။ထိုခရီးစဉ်အား မြန်မာ အစိုးရ၏ စီစဉ်မှုဖြင့် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ဦးဆောင် သွားရောက်ခဲ့သည်။

စစ်တွေ လေဆိပ်၌ ပြည်ထောင်စု ဝန်ကြီးများက ခရီးစဉ် အကြောင်း ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

တစ်ဖက် နိုင်ငံသို့ထွက်ပြေးခဲ့သည့် ဒုက္ခသည် အရေအတွက် များစွာ ရှိသော်လည်း မြန်မာနိုင်ငံ အတွင်း အမှန်တကယ် နေထိုင်ခဲ့သူများကိုမူ ပြန်လည် လက်ခံရန် မြန်မာ အစိုးရက ကတိပြုကြောင်း ၊ ဒုက္ခသည်များ အနေဖြင့် မူလနေထိုင်ရာ ကျေးရွာကို စွန့်ခွာ၍ တစ်ဘက် နိုင်ငံသို့ပြေးရန် မလိုကြောင်း ၊ လိုအပ်သည့် လူသားချင်း စာနာသည့် အထောက်အကူများနှင့် လုံခြုံမှုကို ပြည့်ပြည့်၀၀ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားခဲ့သည်။

မောင်တော မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့အား အကြမ်းဖက်မှု ဖြစ်စဉ်များ ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ဒုက္ခသည်များ ပြန်လည် စိစစ် လက်ခံရေး လုပ်ငန်းစဉ်အား ၁၉၉၂ /၁၉၉၃ ခုနှစ်တွင် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ သဘောတူညီမှုများ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက အခိုင်အမာ ပြောကြားခဲ့သည်။ထိုခရီးစဉ် အတွင်း ရသေ့တောင် မြို့နယ် ၊ အနောက်ပြင် ကျေးရွာသို့သွားရောက်ခဲ့ပြီး နေရပ် စွန့်ခွာခြင်း မပြုဘဲ ငြိမ်းချမ်းစွာ ဆက်လက် နေထိုင်ကြသည့် အစ္စလာမ် ဘာသာဝင် ကျေးရွာသူ/သားများ နှင့် တွေ့ဆုံခဲ့သည်။

ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် အဖွဲ့ငါးခူရ ကျေးရွာသို့သွားရောက်စဉ်(ဆင်ဟွာ)

ထို့အတူ မောင်တော မြို့နယ် လေယာဉ်ပျံကွင်း ကျေးရွာ အနီး နှင့် နှစ်နိုင်ငံ ခြံစည်းရိုး အနီးရှိ ဂေါ်ဒူသာရ ကျေးရွာ အနီးသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့သွားရောက်ရန် ရောက်ရှိနေသည့် အစ္စလာမ် ဘာသာဝင် ကျေးရွာသူ/ကျေးရွာသားများ နှင့် တွေ့ဆုံခဲ့သည်။
ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ထိုအစ္စလာမ် ဘာသာဝင်များအား မိမိတို့ကျေးရွာ ၊ နေရာများတွင် ပြန်လည် နေထိုင်ကြရန် တိုက်တွန်း ပြောကြားခဲ့ပြီး လူသားချင်း စာနာသည့် အထောက်အကူများနှင့် လုံခြုံမှုကို ထောက်ပံ့ပေးရန် ကတိပြု ပြောကြားခဲ့သည်။

သံတမန်များက ဒေသ လုံခြုံရေး အခြေအနေ ၊ မူလ ကျေးရွာများ၌ ဆက်လက် မနေထိုင်လိုသည့် အကြောင်းရင်း ၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ရရှိခြင်း ရှိ ၊ မရှိ အခြေအနေများအား တွေ့ဆုံ မေးမြန်းခဲ့သည်။
ထို့အတူ မောင်တော မြို့နယ် ပန်းတောပြင် ကျေးရွာသို့သွားရောက်၍ အစ္စလာမ် ဘာသာဝင် ကျေးရွာသားများ နှင့် တွေ့ဆုံခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပျက်စီး ဆုံးရူံးသွားသည့် နေအိမ်များအား ပြန်လည် တည်ဆောက်ပေးမည့် အစီအစဉ်များ နှင့် စိစစ်ရေး လုပ်ငန်းစဉ်များအား ရှင်းပြခဲ့သည်။

ခရီးစဉ် အတွင်း ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များ အတူ ယှဉ်တွဲ နေထိုင်နေသည့် ငါးခူရ ကျေးရွာသို့လည်း သွားရောက်ခဲ့သည်။
ထို့ပြင် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ရွာလုံးကျွတ်မီးရှို့ခံခဲ့ရသည့် ခုံတိုင်ရွာ သို့ သွားရောက်၍ မြိုတိုင်းရင်းသားများ နှင့် တွေ့ဆုံပြီး ကျေးရွာရွှေ့ပြောင်းတည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်း များနှင့် လိုအပ်ချက်များကိုလည်း အပြည့်အဝဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောကြားရာတွင် ပြည်နယ် အစိုးရ အနေဖြင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များအား ကဏ္ဍ ၃ ရပ်ဖြင့် တွန်းအားပေး ဆောင်ရွက်နေပြီး ယင်းတို့မှာ စာရင်းအချက်အလက် အမြန်ဆုံး ကောက်ယူရေး ၊ ရွှေ့ပြောင်း နေထိုင်သူများအား အမြန်ဆုံး နေထိုင် စားသောက်ရေး ဖြည့်ဆည်း ဆောင်ရွက်ရေး ၊ ဆက်သွယ်ရေး နှင့် လမ်းပန်း ဆက်သွယ်ရေး အမြန်ဆုံး ကောင်းမွန်ရေး တို့ဖြစ်ကြောင်း သိရသည်။
ရခိုင်ဒေသရှိ ရဲကင်းများသို့ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့မှ သြဂုတ် ၂၅ ရက်တွင် တိုက်ခိုက် ခဲ့မှုများကြောင့် ဒုက္ခသည်များအား မောင်တော ခရိုင် အတွင်းရှိ လုံခြုံသည့် နေရာများသို့ရွှေ့ပြောင်း နေထိုင်ခဲ့ကြသည်။(Xinhua)