Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း ငါးရက်အတွင်း တရားမဝင်သစ် တန် ၁,၁၉၀ကျာ်နှင့် ပြစ်မှုကျူးလွန်သူ ၆၀ကျော် ဖမ်းဆီးရမိ

တရားမဝင်သစ်များ သယ်ဆောင်လာသည့် သဘောၤနှင့် စက်လှေများအားတွေ့ရစဉ် ( ကြေးမုံ)

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ငါးရက်အတွင်း တရားမဝင်သစ် တန် ၁,၁၉၀ကျာ်နှင့် ပြစ်မှုကျူးလွန်သူ ၆၀ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

“ရခိုင်ဘက်မှာတော့ ရေလမ်းကနေ တရားမဝင်သစ်သယ်ဆောင်တာတွေများတယ်၊အဲကြောင့်လည်း နယ်မြေရှင်းလင်းရေးတွေ မကြာမကြာ လုပ်သွားဖို့ရှိတယ်” ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။အဆိုပါ မြို့နယ်အတွင်း အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်ဖွဲ့ဝင်များ၊ သံတွဲခရိုင်နှင့် တောင်ကုတ်မြို့ နယ် သစ်တောဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာသံတွဲ ခရိုင် တောင်ကုတ်မြို့နယ်အတွင်းမှ စုပုံထား သော တရားမဝင်သစ် တန် ၇၀၀ ခန့်၊ တရား မဝင်သစ် သယ်ဆောင်လာသော စက်လှေ ခြောက်စင်းပေါ်မှ တရားမဝင်ကျွန်း၊ ပိတောက်၊ စကားဝါ၊ ကညင် တန် ၃၆၀ ခန့်နှင့် စက်လှေ(ခွံ) သုံးစင်းနှင့်အတူ ပြစ်မှုကျူးလွန်သူ ၆၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၉ ရက်၊ ၂၂ ရက် နှင့် ၂၃ ရက်တို့တွင် ထပ်မံစစ်ကြောင်းထိုး နယ်မြေရှင်းလင်းဆောင်ရွက်ရာ သံတွဲခရိုင် တောင်ကုတ်မြို့နယ်အတွင်းမှ တရားမဝင် ကျွန်း၊ ပိတောက်၊ ကညင်ခွဲသား စုစုပေါင်း ၁၃၃ တန်ခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (Xinhua)