Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အရေး အပြုသဘောဖြေရှင်းရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံးကို ကြိုဆို

ဒေါ်အောင်ဆန်းစုကြည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အရေး အပြုသဘောဖြေရှင်းရန်အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံးကို ကြိုဆိုကြောင်း ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပြောကြားသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အခြေပြမိန့်ခွန်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။

အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ကို နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းများ သွားရောက်လေ့လာနိုင်ပြီး ရခိုင်ပြည်အရေးဖြေရှင်းရန် ပူးပေါင်းချင်သော ဆန္ဒရှိသူများကို ဖိတ်ခေါ်ကြောင်း ၊ ၎င်းက ဆိုသည်။

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ကို အစိုးရအနေဖြင့် ပုံမှန်အတိုင်းဖြစ်အောင် လုပ်ဆောင်နေပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာသည် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဟဇာတဖြစ်စေရန် အကျိုးကျေးဇူးများရှိနေခြင်းကြောင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် အရေးနှင့် ဘင်္ဂါလီပြသာနာ၊ အစိုးရ ကိုင်တွယ်ဖြေရှင်းနေမှုများအား ရှင်းလင်းပြောကြားကာ လတ်တလော ရခိုင်ပြသာနာများသည် အမုန်းတရားနှင့် အကြောက်တရားများက အဓိကဖြစ်ပေါ်နေသော အကြောင်းရင်းများဖြစ်ပြီး မြန်မာနိုင်ငံကို ဘာသာရေး ယုံကြည်မှုများနှင့် တိုင်းရင်းသားမျိုးနွယ် ခွဲခြားမှုများကြောင့် သွေးကွဲသော နိုင်ငံတစ်ခု ဖြစ်လာမည်ကို မလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။

အဆိုပါ မိန့်ခွန်းတွင် နယူးယောက်မြို့တွင် ကျင်းပပြုလုပ်နေသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အခြေအနေအရပ်ရပ်များကြောင့် မတက်ရောက်နိုင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သက်တမ်းနုနေသေးသည့် အစိုးရတစ်ရပ်အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် စိန်ခေါ်မှုများ အများအပြားရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယင်းစိန်ခေါ်မှုများထဲက အများစုသည် ဖြေရှင်းရန် လွယ်ကူပြီး ပုံမှန်ရင်ဆိုင်တွေ့နေကြ စိန်ခေါ်မှုများဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။

“ကျွန်မတို့ဟာ သက်တမ်းနုနယ်ပြီး ထိလွယ်ရှလွယ်ရှိတဲ့ နိုင်ငံတစ်ခုပါ။ ပြဿနာပေါင်း မြောက်မြားစွာကို ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ဒါတွေ အကုန်လုံးကို ရင်ဆိုင် ကျော်ဖြတ်သွားပါမယ်”၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုများရရှိရန် လုပ်ဆောင်သည့်နေရာ၌ နိုင်ငံတကာ၏ စေ့စေ့စပ်စပ် စစ်ဆးမှုများကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်း အသီးသီး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အစွမ်းရှိသမျှ ကြိုးစား လုပ်ဆောင်နေပြီး မတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများ၏ အကြောင်းရင်းကို အရင်စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရွှေ့ပြောင်းသွားလာနေသည့် မူဆလင်များအရေး လေ့လာလိုသည့် နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းများ အားလုံးကို အစိုးရအဖွဲ့နှင့် ချိတ်ဆက်လုပ်ဆောင်ရန် ဖိတ်ကြားပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်အတွင်း တပ်မတော်အနေဖြင့် အင်အားကို လိုသလောက်ပဲသုံးစွဲကာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်တွင်း အမှန်တကယ် လူမျိုးသုဉ်းသတ်ဖြတ်မှု မရှိကြောင်း၊ အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် မြို၊ ဒိုင်းနက်နှင့် ရခိုင်တိုင်းရင်းသူများ သေဆုံးမှုများရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောပွဲမတိုင်မီ သတင်းမီဒီယာများမေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အခြေပြမိန့်ခွန်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလမ်းညွှန်ချက်အတိုင်း နိုင်ငံတကာအသိုင်း အဝိုင်းများကလည်း အတူတကွပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိပြဿနာသည် ဘာကြောင့်ဖြစ်ပြီး မည်သူ့မှာတာဝန်ရှိသည်နှင့် ပတ်သက်ပြီး သီးခြားပြောစရာမရှိကြောင်း Unicef မှ လက်ထောက်ဌာနေ ကိုယ်စားလှယ် Mr Paul Edardsက မိန့်ခွန်းအပြီး သတင်းမီဒီယာများအား ဖြေကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-2တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါသည် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောပွဲအခမ်းအနားသို့ နိုင်ငံတကာ သံတမန် ၊အဖွဲ့အစည်းများ

ပြည်တွင်း ၊ ပြည်ပ သတင်းမီဒီယာများ စုစုပေါင်း ၇၀၀ကျော် တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.