Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကျပ် သိန်း ၃,၀၀၀ကျော် တန်ဖိုးရှိ တရားမဝင်သစ် တန် ၁,၁၄၀ ကျော်ဖမ်းမိ

တရားမဝင်သစ်များ သယ်ဆောင်လာသည့် စက်လှေများအားတွေ့ရစဉ် (တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် နှစ်ရက်အတွင်း ကျပ် သိန်း ၃,၀၀၀ကျော် တန်ဖိုးရှိ တရားမဝင်သစ် တန် ၁,၁၄၀ ကျော်ဖမ်းမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

တောင်ကုတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဆိပ်ခံတောရွာ၏ အနောက်တောင်ဘက် မီတာ ၄,၀၀၀ ခန့်အကွာနေရာ၌ စက်လှေအကြီး ၄ စီးအား မသင်္ကာ၍စစ်ဆေးရာ ၎င်းစက်လှေများပေါ်တွင် တရားမဝင်သစ်မျိုးစုံခွဲသားဆိုဒ်စုံ ၁၅၂ တန်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆ သိန်း)ခန့်နှင့် အမျိုးသား ၃၉ ဦးတို့အားလည်းကောင်း၊ ညနေ ၅ နာရီခန့်တွင် တောင်ကုတ်မြို့နှင့် မီတာ ၅၅၀၀ ခန့်အကွာ တောင်ကုတ်ချောင်းအတွင်း စက်လှေကြီး ၂ စီးပေါ်တွင် တရားမဝင်သစ်မျိုးစုံ ခွဲသားဆိုဒ်စုံ ၁၄၅ တန်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၅ သိန်း)ခန့်နှင့် အမျိုးသား ၂၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင်လည်း တောင်ကုတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၇,၂၀၀ ခန့်အကွာရှိ ချောင်းလက်တက်ခွဲအနီးနှင့် လက်ပံချောင်းရွာ၏ အရှေ့ဘက် မီတာ ၄၀၀၀ ခန့်အကွာ ကရိုင်းမြစ်အတွင်း၌ ရပ်တန့်ထားသည့် သင်္ဘော ၃ စီး တို့အား မသင်္ကာ၍ စစ်ဆေးရာ ၎င်းသင်္ဘောများပေါ်၌ တင်ဆောင်ထားသည့် တရားမဝင်သစ် ၈၅၀ တန်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂,၅၀၀ကျော်)ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

” ကုန်းလမ်းနဲ့ ရေလမ်းတွေကနေ သစ်တွေ သယ်ယူမှုတွေကို ကျွန်တော်တို့ သေချာစိစစ် စစ်ဆေးအရေးယူနေပါတယ်၊ ခု တပ်က ဖမ်းမိတာဆို တမ်ဖိုးအားဖြင့် သိန်းပေါင်း ၃၀၀၀ကျော် တန်ဖိုးရှိပါတယ်၊ သစ်အမျိုးအစားကတော့ အစုံပဲ၊ သတ်ဆိုင်ရာ နယ်မြေစခန်းမှာ အမှုဖွင့်အရေးယူနေပါပြီ” သစ်တောဦးစီးဌာနမှ ထာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ ဖမ်းဆီးရမိသင်္ဘော ၃ စီး၊ စက်လှေ ၆ စီး၊ တရားမဝင်သစ် စုစုပေါင်း ၁၁၄၇ တန်ခန့်နှင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး တရားဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.