Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် ဝန်ကြီးချုပ်ဆို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရသေ့တောင်ဒေသခံများနှင့် တွေ့ဆုံစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ရသေ့တောင်ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရ၏ ဦးစားပေး ပံ့ပိုးမှုများကြောင့် ဒေသတွင်း ပိုမိုဖွံ့ဖြိုး တိုးတက် လာသည်ကို မြင်တွေ့ကြ ရမည် ဖြစ်ကြောင်း၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးသည် အရေးကြီးကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ဒေသတွင်း လုံခြုံမှု ပိုမို ကောင်းမွန် လာသည်နှင့်အမျှ ဒေသတွင်းရှိ လူမှုစီးပွား ဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာရန် လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စသည့် အခြေခံ အဆောက်အအုံများ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ အဆိုပါ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်း ပံ့ပိုးပေးလျက် ရှိနေကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် ပိုမိုပူးပေါင်း ဆောင်ရွက်ကြမည် ဆိုပါက ဒေသတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတစ်နိုင်ငံ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် ပညာရေး ရင်းနှီးမြှုပ်နံှမှု သည် အရေးကြီးကြောင်း၊ ပညာကဏ္ဍ အပါအဝင် အခြားကဏ္ဍများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ပြည်နယ် အစိုးရအနေဖြင့် အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေကြောင်း ဝန်ကြီးချုပ်က ပြောသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးသည် နိုင်ငံတော် အတွက် အရေးကြီးသည့် အခန်းကဏ္ဍ တစ်ရပ် ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ် ပီပြင်စွာပေါ်ပေါက်လာရေးသည် အရေးကြီးကြောင်းနှင့် မိမိတို့ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို သင်ခန်းစာရယူပြီး အပြန်အလှန် လေးစား ယုံကြည်မှု ပွင့်လင်း မြင်သာမှု များဖြင့် ဆွေးနွေးညှိနှိုင်း ကြိုးပမ်းအားထုတ် လုပ်ဆောင် သွားကြရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ရသေ့တောင်ဒေသခံများသို့ ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.