Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နှလုံးခွဲစိတ်ကုသရန်ရှိ ကြောင်း လွှတ်တော်ကိုယ်စားလှယ်တချို့ပြောကြား

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ နှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ--ဦးဖြိုးမင်းသိန်းဖေ့ဘွတ်)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် နှလုံးခွဲစိတ်ကုသရန်ရှိသည့်အတွက် မတ်လ ၂၀ ရက်နေ့တွင် ပြန်စမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း ရှိမရှိ မသေချာဟု ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တချို့ ထံမှ သိရသည်။

မတ်လ ၂ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ စဉ် ထိုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်က “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါက်တာတင်မျိုးဝင်းတို့ကလည်း ကျန်းမာရေးအရ အနားယူဖို့ကို ပြောတယ် ဆိုပြီး ဝန်ကြီးချုပ်ကပြောခဲ့တယ်။ တိုင်းဒေသကြီးလွှတ်တော်က လာမယ့် ၂၀ ရက်နေ့မှာ ပြန်စမယ်။ ဖိတ်စာတွေ ကျွန်တော်တို့ လက်ထဲရောက်ပြီးသွားပြီ။ ဒုတိယအကြိမ် စတုတ္ထပုံမှန်အစည်းအဝေးတောင်မှ သူအနေနဲ့ တက်ဖြစ်ချင်မှ တက်ဖြစ်မယ်ဆိုပြီးပြောတယ်။ ခွင့်ယူမယ်ဆိုတာတော့ မပြောဘူး။ ဝန်ကြီးချုပ်တာဝန်တော့ ဆက်ယူထားမယ်။ သူကျန်းမာရေးကောင်းရင်လွှတ်တော်တက်မယ်။ မကောင်းရင် ခေတ္တနားမယ်ဆိုပြီးပြောခဲ့တယ်’’ ဟု ဆင်ဟွာကို ပြောသည်။

၎င်းအစည်းအဝေးသည် တစ်လတစ်ကြိမ် ပြုလုပ်နေကြ အစည်းအဝေးတစ်ခုဖြစ်ပြီး မတ်လ ၂ လရက် နေ့တွင် ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အပါအဝင် အစိုးရအဖွဲ့ မှ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးတို့ တက်ရောက်ခဲ့ကြောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဘက်မှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားများ တက်ရောက်ခဲ့ကြောင်း သိရသည်။တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့် က “ဝန်ကြီးချုပ်က သူ့ကျန်းမာရေးအရ နှလုံးခွဲစိတ်ရမယ်ဆိုတာပြောခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ပုံမှန်တွေ့ဆုံနေကြအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ ကျန်းမာရေးခွဲစိတ်ကု သမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ပြောခဲ့ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။ထိုအစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍ နှင့်ပတ်သက်သည့် ကိစ္စရပ်များ ၊ ကျူးကျော်ကိစ္စများ၊ လယ်ယာမြေကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ဦးမိုးမြင့်ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.