Connect with us

Politics, Law & Military

လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံရသည့် မြန်မာလုပ်သား နှစ်ဦးကိစ္စ မြန်မာအစိုးရအနေ ဖြင့် ဥပဒေကြောင်းအရကူညီမည်

လိပ်ကျွန်းလူသတ်မှု တွင် မြန်မာလုပ်သားနှစ်ဦးအားသေဒဏ်ချမှတ်ခဲ့ကြောင်း ထိုင်းသတင်းစာတွင် ပါရှိစဉ် (ဓာတ်ပုံ-- ဦးစိန်ဌေးဖေ့ဘွတ်)

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု နှင့် ပတ်သက်ပြီး သေဒဏ်ချမှတ် ခံထားရသည့် မြန်မာလုပ်သားနှစ်ဦး၏ အယူခံကို အယူခံတရားရုံးက မတ်လ ၁ရက် တွင် ပယ်ချခဲ့ခြင်း နှင့် ပတ်သက်ပြီး မြန်မာအစိုးရအနေ ဖြင့် ဥပဒေကြောင်းအရအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ခေတ္တညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ယနေ့ ဆင်ဟွာကိုပြောသည်။

ယင်းအမိန့်နှင့် ပတ်သက်ပြီး တရားခံနှစ်ဦးအား ဖေဖော်ဝါရီ ၂၃ ရက်က ဘမ်ခွမ်အကျဉ်းထောင်သို့ သွားရောက်ဖတ်ပြခဲ့ခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားကွန်ယက်မှ တာဝန်ရှိသူ ဦးစိန်ဌေးက ပြောသည်။

ဦးစိန်ဌေးက “မတ်လ ၁ရက်နေ့ ကော့စမွေတရားရုံးမှာ တရားလိုဖြစ်တဲ့ ခရိုင်ဥပဒေအရာရှိကို အယူခံတရားရုံးတရားသူကြီးတွေကခေါ်ယူပြီး အယူခံတရားရုံးရဲ့စီရင်ချက်ကိုဘဖတ်ကြားခဲ့ပါတယ်။ စီရင်ချက်ကတော့ အောက်ရုံးက စီရင်ချက်အတိုင်းပဲ အယူခံရုံးကလည်း ညီငယ်၂ဦးကို သေဒဏ်အဖြစ်ပဲ သတ်မှတ်ခဲ့တာပါ။ ဒီစီရင်ချက်ကို ကာယကံရှင်တွေဖြစ်တဲ့ ညီငယ်၂ဦးရှိရာ နွန်ထဘူရီ ဘန်ခွမ်အကျဉ်းထောင်ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ၂၃ ရက်နေ့ကတည်းက သွားဖတ်ပြပြီး လက်မှတ်ထိုးခိုင်းခဲ့တာပါ’’ ဟုပြောသည်။

လိပ်ကျွန်းလူသတ်မှုကိစ္စ နှင့် ပတ်သက်ပြီး ကော်မတီ ဖွဲ့စည်းထားတာရှိကြောင်း ထိုကော်မတီတွင် ကျွမ်းကျင်သူများ၊ ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးဆောင်ရွက်နေသည့်သူများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းမှ သူ များ၊ ရှေ့နေလုပ်နေသည့် ဦးအောင်မျိုးသန့်၊ အလုပ်သမားအရေးဆောင်ရွက်နေသည့် သူများ နှင့် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုကော်မတီ နှင့် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ဦးဇော်ဌေးက “ ထိုင်းနိုင်ငံက ရှေ့နေများကောင်စီနဲ့ ညှိနှိုင်းပြီး အချက်အလက်တွေရှာဖွေတယ်။ အထောက်အထားတွေ၊ သက်သေခံတွေ ရှာဖွေပြီးတော့ ၂၄ ချက်တင်ပြခဲ့တာဖြစ်တယ်။ ထိုင်းနိုင်ငံရဲ့တရားရေး လုပ်ထုံးလုပ်နည်းအရဆောင်ရွက်တာ ဖြစ်လို့ အထူးအထွေ ပြောစရာမရှိပါဘူး။ သို့သော် ကျွန်တော်တို့ ကော်မတီ အနေနဲ့ အထောက်အထားတွေခိုင်မာဖို့၊ သူ့ရဲ့လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်မှုကို ကျွန်တော်တို့ ညှိနှိုင်းပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်။’’ ဟုပြောသည်။

ထိုင်းနိုင်ငံ၏ တရားစီရင်မှု လုပ်ထုံးလုပ်နည်းအရဆိုပါက နောက်ထပ်အယူခံတင်သွင်းမှုအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအမှုအား အယူခံကို လက်ခံကြားနာနိုင်ရန် အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

အယူခံအမိန့်အား ရက်ပေါင်း ၃၀ အတွင်း တရားရုံးချုပ်သို့ ထပ်မံ အယူခံတက်ရောက်နိုင်ကြောင်း နိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု အပါဝင်အမှု ၇ ခုဖြင့် ကော့စမွီခရိုင်တရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ရက်က သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ သေဒဏ်ချမှတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းအယူခံတရားရုံးသို့ အယူခံတင်ခဲ့ပြီး တရားရုံးမှ ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်က လက်ခံခဲ့ကာ ၊ မတ်လ ၁ ရက်နေ့တွင် အယူခံအမိန့်အား မူလပြစ်ဒဏ်အတိုင်း သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.