Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမူးယစ်သူများကို အရေးယူလျက်ရှိ
ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမူးယစ်သူများကို ရန်ကုန်ရဲအက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အများပြည်သူနှင့်သက်ဆိုင် သည့် လူစည်ကားရာ ပန်းခြံများ၊ လမ်းဆုံလမ်းခွများ၊ တံတားများနှင့် လူသွားစြင်္က ံများပေါ်တို့တွင် ဝိုင်းဖွဲ့၍ အရက်သေစာသောက်စားမူးယစ်သူများကို နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ နှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ
ပညာပေးကာလ တစ်လသတ်မှတ်၍ လိုက်လံဟောပြောပညာပေးခဲ့ပြီးနောက် ပညာပေးကာလတစ်လပြည့် မြောက်သည့် အောက်တိုဘာ ၃၀ ရက်နေ့မှစ၍ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင်ဝိုင်းဖွဲ့ကာ
အရက်သေစာသောက်စားမူးယစ်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁ ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ်
များမှ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် အရက်သေစာသောက်စားသူများအား ဖမ်းဆီးခဲ့ရာ အရှေ့ပိုင်းခရိုင်ရှိမြို့နယ်များအတွင်းမှ (၁၈)ဦး၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ်များမှ (၂)ဦးတို့အား
ရန်ကုန်ရဲအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း အများပြည်သူနှင့်သက်ဆိုင် သည့်နေရာများ၌ အရက်သေစာသောက်စားသူ စုစုပေါင်း(၂၀)ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး
သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုစုစုပေါင်း(၁၂)မှုဖြင့် အရေးယူဆောင်ရွက်နိုင်ခဲ့ ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)