Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်

အင်းစိန်ဗဟိုအကျဉ်းထောင်နှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်စဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားရှိသည့် အနေကြာ အချုပ်သားများအား ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

အစည်းအဝေးကို ယနေ့ နံနက်၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ခန်းမ(၄)၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ တရားသူကြီးချုပ်ဦးဝင်းဆွေ၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.