Connect with us

Politics, Law & Military

ရန်ကုန်မြို့တွင် ထိန်းချုပ်စင်တာဖြင့် ထိန်းချုပ်မည့် မီးပွိုင့် ၆၅ ထပ်မံ တပ်ဆင်မည်ဟုဆို

ရန်ကုန်မြို့ ဆူးလေမီးပွိုင့် အနီး ယာဉ်များ သွားလာနေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၌ ယာဉ်ကြော ပိတ်ဆို့မှုအား ဖြေရှင်းရန် နည်းလမ်းတစ်ခုအဖြစ် ထိန်းချုပ်စင်တာဖြင့် ထိန်းချုပ်မည့် မီးပွိုင့် ၆၅ ခုအား ထပ်မံ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာနမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူ တစ်ဦးက “ အဲ့ဒီ တပ်ဆင်မယ့် မီးပွိုင့် ၆၅ ခုအတွက် ဇွန်လမှာ တင်ဒါ စတင်ခေါ်ယူသွားမှာပါ။ လောလောဆယ် တင်ဒါ ဘုတ်အဖွဲ့ ရွေးပြီးသွားပါပြီ။ နည်းပညာ အသစ်တွေ ဖြစ်တဲ့အတွက် ကျွမ်းကျင် ကောင်းမွန်တဲ့ ကုမ္ပဏီကို ရွေးချယ်ပြီး ဒီနှစ်မှာ ပြီးအောင်လုပ်သွားမှာပါ” ဟုပြောသည်။

အဆိုပါ ထိန်းချုပ်စင်တာဖြင့် ထိန်းချုပ်သည့် မီးပွိုင့်စနစ်ကို ရှစ်မိုင မီးပွိုင့်၌ စတင် စမ်းသပ် တပ်ဆင်ခဲ့ပြီး ချော်တွင်းကုန်း မီးပွိုင့်အား ဗဟိုပြု၍ မီးပွိုင့် ၁၀ ခု ချိတ်ဆက် ဆောင်ရွက်ထားကြောင်း သိရသည်။

ရန်ကုန်မြို့ လှည်းတန်း တံတားအောက်တွင် တပ်ဆင် ထားသော မီးပွိုင့် (ဆင်ဟွာ)

ထပ်မံ တပ်ဆင်မည့် မီးပွိုင့် ၆၅ ခုအား ထိန်းချုပ်ရေး စင်တာမှ ထိန်းချုပ် သွားမည်ဖြစ်ပြီး ယာဉ်ကြော ပိတ်ဆို့မှု ရှိ မရှိအား အဆိုပါထိန်းချုပ်စင်တာမှ ကြည့်ရှုှု၍ ရပြီး ယာဉ်များအား ပုံမှန်ကန့်သတ်၍ စေလွှတ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၌ မီးပွိုင့်ပေါင်း ၁၇၀ ကျော် ရှိပြီး ယခုအခါ ထိန်းချုပ်စင်တာဖြင့် ထိန်းချုပ်နိုင်မည့် မီးပွိုင့်များ တပ်ဆင်နိုင်ရန် နေရာအနှံ့ ဖိုက်ဘာ ဆက်ကြောင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.