Connect with us

Politics, Law & Military

ရန်ကုန်မြို့တွင် ယာဉ်မရပ်ရလမ်းပေါင်း ၁၀၄ လမ်း အထိသတ်မှတ်ထား

ရန်ကုန်မြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မော်တော်ယာဉ်များ ယာဉ်စည်းကမ်းလိုက်နာမှု ရှိမရှိစစ်ဆေးနေစဉ်(ဓါတ်ပုံ - Yangon Traffic Police Facebook )

ရန်ကုန်၊သြဂုတ်၂၃ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန် အတွက် ယာဉ်သွားလမ်းမကြီးများပေါ်တွင် ယာဉ်များ ရပ်တန့်ခြင်းမပြုရလမ်းပေါင်း ၁၀၄ လမ်းအထိ သတ်မှတ်ထားကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ မှ သတင်းရရှိသည်။

ယာဉ်မရပ်ရသတ်မှတ်ထားသည့် လမ်းမများပေါ်တွင် ယာဉ်များရပ်တန့်ထားသည့်အတွက် ဖမ်းဆီးအရေးယူခဲ့ရသည့် ယာဉ်အစီးရေပေါင်း ၉၀၀၀ ကျော်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းအား ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ပြန်လည်ဖြေကြားခဲ့သည်။

ယာဉ်အသွားအလာများပြားသော လမ်းမကြီးများပေါ်တွင် ယာဉ်ရပ်တန့်ထားမှုများကို ပူးပေါင်းစစ်ဆေးရေး အဖွဲ့လေးဖွဲ့ဖြင့် စစ်ဆေးအရေးယူလျက်ရှိကြောင်းသိရသည်။

ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ မှ တာဝန်ရှိသူက “ ယာဉ်ကြောပိတ်ဆို့မှု တွေက တနေ့ထက်တနေ့ ပိုများလာတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေမှာ စည်းကမ်းမဲ့ ယာဉ်ရပ်နားတာကလည်း အချက်တစ်ချက်အနေနဲ့ ပါတယ်။ ဒါကြောင့် ယာဉ်မရပ်ရလမ်းတွေမှာ ကရိန်းယာဉ်နဲ့ယာဉ်တွေကို တင်ဆောင်ပြီး၊ ချလန်ဖြတ် အရေးယူတာမျိုးရှိပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117