Connect with us

Politics, Law & Military

ရန်ကုန်- စစ်တွေကားလမ်း၌ တပ်မတော် ထောက်ပံ့ရေးယာဉ်များ ဖြတ်သန်းစဉ် မိုင်းသုံးလုံး ပေါက်ကွဲ

မိုင်းသုံးလုံးပေါက်ကွဲသော တံတားအားတွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်- စစ်တွေကားလမ်း၌ တပ်မတော်ထောက်ပံ့ရေး မော်တော်ယာဉ် ၃ စီး ဖြတ်သန်းလာစဉ် ရန်ကုန်- စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၈၄/၄အနီးအရောက်တွင် မိုင်းသုံးလုံးပေါက်ကွဲခံခဲ့ရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

တပ်မတော်ထောက်ပံ့ရေး မော်တော်ယာဉ် ၃ စီးသည် မင်းပြားမြို့နယ် ၊ ကမ်းနီမှ ဆေးပစ္စည်းများ တင်ဆောင်ပြီး နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ထွက်ခွာလာစဉ် မင်းပြားမြို့နယ် ၊ ဖားပျော်(ချင်းရွာ) ၏ အနောက်ဖက် ၁ မိုင်ခန့်အကွာ ရန်ကုန်- စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၈၄/၄ နှင့် ၎င်းအနီးရှိ အုတ်ခုံ တံတားအရောက်တွင် အဆိုပါ မိုင်းသုံးလုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲကြောင့် ဒေါင်ဖန်းယာဉ် ၁ စီးနှင့် ဖောကားယာဉ် ၂ စီးတို့တွင် ရှေ့လေကာမှန် မိုင်းအစ ၁၂ ချက်ခန့် ထိမှန်အက်ကွဲခြင်း၊ မော်တော်ယာဉ် ကိုယ်ထည်များ ပေါက်ထွက်ခြင်း၊ လေကာမှန်ကွဲခြင်း၊ ရှေ့တံခါးမှန် ၂ ချပ် ပျက်စီးခြင်း၊ မိုင်းအစ အချက် ၃၀ ခန့် ထိမှန်ခဲ့ကာ ဘယ်ဘက် နောက်ဘီးပေါက်ပြီး နောက်ကြည့်မှန်များ မိုင်းများ ထိမှန်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် ၃ စီး ပေါ် လိုက်ပါလာကြသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.