Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ မတ်လအတွင်း ယာဉ်မတော်တဆမှု ၅၁ မှုဖြစ်ပွားပြီး လူ ၂၀ ဦး သေဆုံး

အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပေါ်နေမှုအားတွေ့ရစဉ်(အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး)

ရန်ကုန်၊ဧပြီ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ၂၀၁၉ ခုနှစ် မတ်လအတွင်း ယာဉ်မတော်တဆမှု ၅၁ မှုဖြစ်ပွားပြီး လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှုများကြောင့် ဒဏ်ရာရသူ ကျား (၆၁)ဦး မ (၅၂)ဦး စုစုပေါင်း (၁၁၃)ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုများတွင် အရှိန်လွန် ယာဉ်တိုက်မှု ၁၀မှု၊အိပ်ငိုက်ယာဉ်တိုက်မှု ၈မှု၊ဆိုင်ကယ် တိုက်မှု ၅၊မဆင်မခြင်မောင်းနှင်မှု ၁၀မှု၊ဘီးပေါက် မှု ၁၃မှုနှင့် စက်ချို့ယွင်းယာဉ်တိုက်မှု ၅မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်း အမြန်လမ်းမပေါ်၌ ယာဉ်မတော်တဆ ဖြစ်ပွားသည့် ယာဉ်အမျိုးအစားများသည် အိမ်စီးကား ၂၉ စီး၊ခရီးသည်တင် Express ၉ စီး၊ကုန်တင်ယာဉ် ၅ စီးနှင့် ဆိုင်ကယ် ၈ စီးတို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.