Connect with us

Politics, Law & Military

ရုရှား – မြန်မာ အကြား၊ မြန်မာ့ တပ်မတော်နှင့် ရုရှား တပ်မတော်အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လျက်ရှိဟု ဆို

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရုရှား ဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံအကြား၊ မြန်မာ့ တပ်မတော်နှင့် ရုရှား တပ်မတော်အကြား ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိသည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော် စစ်သမိုင်းပြတိုက်၌ ယနေ့ နေ့လယ် ကျင်းပသော သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်ဟာ အခုအကြိမ်က ခြောက်ကြိမ်မြောက် ခရီးစဉ်ဖြစ်ပါတယ်၊ ပထမဆုံး ခရီးစဉ်က ၂၀၁၃ ခုနှစ် ဇွန်လမှာ သွားခဲ့တာပါ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ အကြား၊ မြန်မာ့ တပ်မတော်နှင့် ရုရှား တပ်မတော်အကြား ဆက်ဆံရေး တိုးတက် ကောင်း မွန်လျက်ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၌ ဇွန်လ ၂၄ ရက်တွင် ကျင်းပမည့် Victory Day (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ဇွန်၂၂ ရက်တွင် နေပြည်တော်မှ  ရုရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ အခမ်း အနား သို့ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ သမ္မတများနှင့် နိုင်ငံပေါင်း ငါးနိုင်ငံကျော်က ကာကွယ်ရေး ဝန်ကြီး များ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ တက်ရောက်မည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံ ၁၉ နိုင်ငံမှ တပ်ဖွဲ့ဝင် အင်အား ၁၅၀၀ ခန့်လည်း ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ်အတွင်း ယခင်က မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး COVID-19 ကြောင့် ပိတ်မိနေသော ရုရှားနိုင်ငံသား ၁၉ ဦးကိုပါ ရုရှား သံရုံး၏ မေတ္တာ ရပ်ခံချက်အရ ဗိုလ်ချုပ်မှူးကြီး ၏ရုရှားနိုင်ငံခရီးစဥ်နှင့်အတူ တပါတည်း ခေါ်ဆောင်သွားကြောင်းလည်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် အလားတူ နီပေါနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာ နိုင်ငံသားများအား ခေါ်ဆောင် စဉ် နီပေါနိုင်ငံသား ၄၁ ဦး၊ အိန္ဒိယ ဗုဒ္ဓဂယာတွင် ပိတ်မိနေသည့် သံဃာတော်နှင့် လူပုဂ္ဂိုလ် ၈၀ ဦးတို့ကိုလည်း သီတဂူဆရာတော်ကြီးနှင့် တပ်မတော်တို့ ပူးပေါင်းပြီး ပြန်လည် ခေါ်ယူပေးသည့် လူသားချင်းစာနာမှု အကူအညီများ ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.