Connect with us

Politics, Law & Military

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း နှင့် မဲဆွယ် စည်းရုံးခွင့် ဆိုင်ရာ တို့နှင့် စပ်လျဉ်း၍ ထပ်မံ အသိပေး ထုတ်ပြန်

၂၀၁၇ခုနှစ် အတွင်း ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူတစ်ဦး မဲပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း နှင့် မဲဆွယ် စည်းရုံးခွင့် ဆိုင်ရာ တို့နှင့် စပ်လျဉ်း၍ ထပ်မံ အသိပေး ထုတ်ပြန် ကြေညာခြင်း တစ်ရပ်အား အောက်တိုဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်း အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် မဲဆန္ဒရှင် ပြည်သူလူထု အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဦးအား လွတ်လပ်စွာ ဆန္ဒပြုနိုင်ရန် အလို့ဌာ နိုဝင်ဘာ ၁ ရက် ည ၁၂ နာရီ အချိန်မှ နိုဝင်ဘာ ၃ ရက်နေ့ရွေးကောက်ပွဲ ကျင်းပ ပြီးသည် အထိ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောခြင်း နှင့် မဲဆွယ် စည်းရုံးခြင်း တို့ကို ရပ်နား ထားရမည် ဖြစ်ကြောင်း ထပ်မံ အသိပေး ထုတ်ပြန် ကြေညာခဲ့သည်။

မဲဆွယ် စည်းရုံးသည့် ကြော်ငြာ/ပိုစတာ များကို မဲဆွယ် စည်းရုံးခွင့် ပြုထားသည့် နောက်ဆုံးရက် နိုဝင်ဘာ ၁ ရက် ည ၁၂ နာရီ အချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်း ပေးရမည် ဖြစ်ကြောင်း ၊ သတ်မှတ် အချိန်ထိ မဲဆွယ် စည်းရုံးသည့် ကြော်ငြာ/ပိုစတာများ ဖြုတ်သိမ်း ထားခြင်း မရှိပါက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ များသည် သက်ဆိုင်ရာ မြို့တော် စည်ပင်သာယာရေး ကော်မတီ သို့မဟုတ် မြို့နယ် စည်ပင် သာယာရေး ကော်မတီများ နှင့် ညှိနှိုင်း၍ ကြော်ငြာ/ပိုစတာများအား ဖြုတ်သိမ်းသွားစေမည် ဖြစ်ကြောင်း ၊ ထိုသို့ ကြော်ငြာ/ ပိုစတာ ဖြုတ်သိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ရသည့် ကုန်ကျစရိတ် ကျသင့်ငွေအား သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းမှ ပြန်လည် ပေးချေရန် တာဝန်ရှိမည် ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အတွက် မဲဆွယ် စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၆၀ (စက်တင်ဘာ ၃ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၁ ရက် ည ၁၂ နာရီ အထိ) ဆောင်ရွက်ကြရန် သြဂုတ် ၂၄ ရက်စွဲဖြင့် ကြေညာချက် အမှတ်(၁၂၁/၂၀၁၈)ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.