Connect with us

Politics, Law & Military

ရှမ်းပြည်နယ်တွင် ငွေကျပ် သိန်းပေါင်း ၈၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများ နှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ် ၊ လားရှိုးမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ငွေကျပ် ၈၁၄၀. ၄၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာဇွန်လ၈ ရက်နေ့ ဝရး၃၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုး မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သိန္နီမြို့အထွက် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဦး–မောင်းနှင်လာသည့် Hilux SURF မော်တော်ယာဉ်ရောက်ရှိလာ၍ရှာဖွေရာ မော်တော်ယာဉ်၏နောက်ဖုံးအံဝှက်အတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၇၂ ခွက် (ဘိန်းဖြူအလေးချိန် ၇၉၂ ဂရမ်) ၊မော်တော်ယာဉ်၏ရှေ့ခန်းဝဲဘက် ထိုင်ခုံအောက် ကြမ်းခင်း အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂,၀၀၀ ပြား ၊ ဆီတိုင်ကီအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ ပြား (စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၃၂,၀၀၀ ပြား)၊ ငွေ ၄၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်အရ ၀၉း၃၀နာရီ အချိန် ၎င်း ၏ ဦးလေးတော်စပ်သူ ဦး— သည် မူးယစ်ဆေးဝါးများကို စောင့်ကြိုရယူ လက်ခံမည်ဖြစ်၍ အသွင်ယူ စောင့်ဆိုင်းနေစဉ် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအနီးသို့ ၎င်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ရောက်ရှိလာ၍ရှာဖွေရာ ငွေကျပ် ၁၄ သိန်းနှင့် လက်ကိုင်ဖုန်း နှစ်လုံးကိုလည်းကောင်း ၊ကွင်းဆက်အရ ၁၈း၂၅နာရီ အချိန် တပ်မတော်၊ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်နှင့် ကွတ်ခိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွတ်ခိုင်မြို့နယ်၊ ဟိုနမ့် ကျေးရွာရှိ ကွင်းဆက်နောက်တစ်ဦး ၏ နေအိမ်ကိုရှာဖွေရာ ၎င်းအိမ် ၏ အိမ်သာအတွင်းရှိ ပီနံအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ ပြား ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.