Connect with us

Politics, Law & Military

ရှမ်းပြည်နယ်ရှိ ဖယ်ခုံ၊ မိုင်းပန်၊ မိုးနဲ၊ လွိုင်လင်၊ နမ့်စန်နှင့် လဲချားမြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီး

ဘိန်းခင်းဖျက်ဆီးနေစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ရှိ ဖယ်ခုံ၊ မိုင်းပန်၊ မိုးနဲ၊ လွိုင်လင်၊ နမ့်စန်နှင့် လဲချားမြို့နယ်တို့ ၌ ဘိန်းခင်းများဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ငုပလိုငံကျေးရွာ အနောက်ဘက် ၄ ဖာလုံခန့် အကွာ၌ နိုဝင်ဘာ ၁၄ ရက်တွင် အမြင့် နှစ်ပေခန့်ရှိ ဘိန်း စိုက်ခင်း ၁၃ ဧကခန့်အား ဘီကင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ကလည်းကောင်း၊ မိုင်းပန် မြို့နယ် နောင်ချိုကျေးရွာအုပ်စု၌ အမြင့် လေးပေခန့်ရှိ ဘိန်းစိုက်ခင်း စုစုပေါင်း ၁၆ ဒသမ ၅ ဧကခန့်အား မိုင်းပန် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က လည်းကောင်း၊ မိုးနဲမြို့နယ် နောင်လိုင်ကျေးရွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းစိုက်ခင်း နှစ်ဧကခန့်အား မိုးနဲမြို့မရဲစခန်း မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ကလည်းကောင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ လွိုင်လင်မြို့နယ် ဟွေမုန်းကျေးရွာ မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ၌ အမြင့် နှစ်ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း ခုနစ်ဧကခန့်အား လွိုင်လင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ကလည်းကောင်း၊ နမ့်စန်မြို့နယ် ဝမ်ခိုင်းကျေးရွာ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ၌ အမြင့် နှစ်ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း ၃ ဒသမ ၅ ဧကခန့်အား နမ့်စန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ကလည်းကောင်း၊ လဲချားမြို့နယ် နားကော်ကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာ၌ အမြင့် ခြောက်လက်မခန့်ရှိ ဘိန်းစိုက်ခင်း နှစ်ဧကခန့်အား လဲချားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ ကလည်းကောင်း ဖျက်ဆီးခဲ့ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.