Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် ထိန်းချုပ်ဓာတုပစည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက်နေ့ ၀၉း၀၀နာရီ အချိန် တပ်မတော်မှ ကွတ်ခိုင်မြို့နယ်၊ နောင်ရမ်းကျေးရွာအနီး တောစပ်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အီသိုင်းအီသာ ၁၂၀ လီတာစီပါ သံပီပါ ၁၈၀ လုံး(စုစုပေါင်း အီသိုင်းအီသာ ၂၁,၆၀၀ လီတာ)၊ အက်စီတုန်း ၁၂ လီတာစီပါ ကော်ပုံး ၁၀၀ ပုံး(စုစုပေါင်း အက်စီတုန်း ၁,၂၀၀ လီတာ)နှင့် CAUSTIC SODA FLAKES စာတမ်းပါ ပီနံအိတ်အတွင်းထည့်လျက် ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် ၂၀ ကီလိုစီပါ ပီနံအိတ် ၂၀ အိတ် (စုစုပေါင်း ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် ၄၀၀ ကီလို)တို့ကိုလည်းကောင်း၊ အလားတူ ၁၄း၀၀နာရီ အချိန် ကွတ်ခိုင် မြို့နယ်၊ မန်ပြိန်းကျေးရွာအနီးတောစပ်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အီသိုင်း အီသာ ၁၂၀ လီတာစီပါ သံပီပါ ၁၂ လုံး(စုစုပေါင်း အီသိုင်းအီသာ ၁,၄၄၀ လီတာ)ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.