Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်တွင် ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရစဉ်

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်တွင် တစ်ပြား ကျပ် ၂၀၀၀ ဖြင့်တွက်ပါက ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅၀,၀၀၀ ပြား၊ အိုက်စ် ၁၀ ဂရမ်တို့ကမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက်နေ့ ၁၆း၃၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ တာကော်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိုင်းအောင်မှိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၅၀,၀၀၀ ပြား၊ အိုက်စ် ၁၀ ဂရမ်တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းအောင်မှိုင်း(၃၁)နှစ်အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.