Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ရွှေညောင်မြို့၌ ၅,၀၀၀ ကျပ်တန်နှင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲသူ အမျိုးသား ၃ ဦး ဖမ်းဆီးရမိ

ငွေစက္ကူအတုများ နှင့် အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ရွှေညောင်မြို့၌ ၅,၀၀၀ ကျပ်တန်နှင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲသူ အမျိုးသား ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ ၁၄း၁၅နာရီ အချိန် ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်ရှိ ဦးအောင်ကြိုင်(စိစစ်ဆဲ)၏ ကုန်စုံဆိုင်၌ အမျိုးသား ၂ ဦးသည် ဈေးဝယ်လာစဉ် ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁ ရွက်အား ပေးအပ်ခဲ့ကြောင်း သတင်းအရ ရွှေညောင်နယ်မြေရဲစခန်းမှ ဒုရဲအုပ် ညီညီပိုင်မွန်းဦးစီးအဖွဲ့က စုံစမ်းရာ ငွေစက္ကူအတုဖြင့် ဈေးဝယ်သွားသူများမှာ ကျော်သူ(ခ)အီစွတ် (၁၉)နှစ်ပါ ၂ ဦး ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းနေအိမ်သို့ သွားရောက်ရှာဖွေရာ ၎င်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျော်သူ (ခ)အီစွတ်၏ ပိုက်ဆံအိတ်အတွင်းမှ ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၅ ရွက်အား သိမ်းဆည်းရမိခဲ့သဖြင့် စစ်မေးရာ ငွေစက္ကူအတုများမှာ မင်းထက်ကိုကို (ခ)နူးရ်မိုဟမ္မဒ် (၂၁) နှစ်ထံမှရရှိကြောင်း ထွက်ဆိုသဖြင့် ၎င်းဆိုင်သို့ ဝင်ရောက်ရှာဖွေရာ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုပြုလုပ်ဆဲ A4 စာရွက် ၁ ရွက်၊ ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ လက်တော့ ၁ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ၁၅း၀၀ နာရီအချိန်တွင် ကျော်သူ (ခ)အီစွတ် နှင့် အတူ ၃ ဦးတို့အား ရွှေညောင်နယ်မြေရဲစခန်း (ပ)၁၁၂/၂၀၁၈၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.