Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ၊ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့၌ ဘိန်းစိုက်ခင်း ၅၄ဧကခန့်ဖျက်ဆီး

ဘိန်းစိုက်ခင်းများအားဖျက်ဆီးနေပုံအားတွေ့ရစဉ် (ဓါတ်ပုံ ပြန်ကြားရေး)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက် ဟိုပုံးမြို့နယ် ဖက်ရမ်းကြီးကျေးရွာ၏ အနောက်တောင်ဘက် ၃မိုင်ခန့်အကွာ၌ အမြင့်၁ပေခန့်သီးပွင့်ဆဲဘိန်းစိုက်ခင်း၁၂ ဧကခန့်အားဖျက်ဆီးခဲ့ကြောင်းပြန်ကြား ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။

အလာတူ ပင်လောင်းမြို့နယ် ကပ္ပဒိန်ကျေးရွာ၏ အနောက်မြောက်ဘက် ၂မိုင်ခန့်အကွာ ၌အမြင့်၂ပေးခန့်သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇ဧက ခန့်အားလည်းကောင်း ၊ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တာကြားဟော့ကျေးရွာအနီး၌ အမြင့်၃လက်မ မှ ၁ပေခွဲခန့်ထိဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၃၁ ဧက ခန့်အားလည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် လခြမ်းကျေးရွာ၏တောင်ဘက်၁မိုင်ခန့် အကွာ၌ အမြင့်၆လက်မခန့်ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၄ဧကခန့်အား သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များက အသီးသီးဖျက်ဆီးခဲ့ကြောင်းသိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.