Connect with us

Politics, Law & Military

လက်ဝတ်ရတနာမျိုးစုံနှင့်ငွေအပါအဝင် စုစုပေါင်းတန်ဖိုးကျပ် ( ၁,၇၈၂) သိန်းကျော် ခိုးယူသူများအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သက်သေပစ္စည်းများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- Yangon Police)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊သံလွင်လမ်းရှိ နေအိမ်အတွင်းမှ စိန်၊ ရွှေ ၊ လက်ဝတ်ရတနာမျိုးစုံနှင့်ငွေအပါအဝင် စုစုပေါင်းတန်ဖိုးကျပ် ( ၁,၇၈၂) သိန်းကျော် ခိုးယူသူများအား

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂.၅.၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ သံလွင် လမ်းနေ ကို —— ၏ နေအိမ် အပေါ်ထပ် အိပ်ခန်းအတွင်းရှိ ဘီဒိုတံခါးပွင့်နေပြီး ပစ္စည်းများ ပြန့်ကြဲနေ

ကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးရာ ဘီဒိုအတွင်းထားရှိသော စိန်၊ ရွှေ ၊ လက်ဝတ်ရတနာမျိုးစုံ ၊ မြန်မာငွေနှင့် နိုင်ငံခြားငွေ စုစုပေါင်း တန်ဖိုးငွေ(၁၇၈,၂၅၀,၀၀၀)ကျပ် ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ကမာရွတ်

မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ (ပ) ၃၈၀ /၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစု မှ ရဲတပ်ဖွဲ့ဝင်များက သတင်းစုံစမ်းဆောင်ရွက်ခြင်း၊ ရဲစခန်းရှိ မှတ်တမ်းများအရ ပြစ်ချက်ဟောင်းရှိသူများအား

စိစစ် စုံစမ်းခြင်းများကို ဆက်စပ်ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေ ကျော်စွာထွန်း ( ခ ) ကျော်လင်းထွန်း (ခ) ကျော်မင်းထွန်း ဆိုသူဖြစ်နိုင်ကြောင်း မသင်္ကာသဖြင့် စုံစမ်းခဲ့ရာ

၎င်းမှာ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်၊ ထနောင်းတိုင် ကျေးရွာသို့ပြောင်းရွှေ့သွားကြောင်းသိရသဖြင့် ၅.၅.၂၀၁၈ ရက်နေ့တွင် မှုခင်းဖော်ထုတ်ရေး ရဲတပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်းခဲ့ရာ

ကျော်စွာထွန်း (ခ) ကျော်လင်းထွန်း(ခ) ကျော်မင်း ထွန်း မှာ မိတ္ထီလာမြို့နယ်၊ ရွာသစ်ထူးရွာတွင် အမျိုးသမီးတစ်ဦးနှင့်အတူ နေထိုင်ကြောင်း စုံစမ်းသိရှိရပြီး အဖွဲ့များခွဲ၍ ကွင်းဆက်မပြတ် လိုက်လံဖမ်းဆီးခဲ့ရာ ၁၄.၅.၂၀၁၈ ရက်နေ့ နေ့လည် ၁၅း၀၀ နာရီ အချိန်တွင် ရန်ကုန် – မန္တလေး ကားလမ်းပေါ်၌ ကျော်စွာထွန်း ( ခ ) ကျော်လင်းထွန်း ( ခ) ကျော်မင်းထွန်း (၃၇)နှစ် အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ ၁.၅.၂၀၁၈ ရက်နေ့ည ၂၃း၀၀ နာရီအချိန်တွင် ကမာရွတ်မြို့နယ်ရှိ အခင်းဖြစ် နေအိမ်အတွင်းသို့ အိမ်အနောက်ဖက် လှေကားမှ ဝင်ရောက်ခဲ့ပြီးဘီဒိုအတွင်းရှိ စိန်၊ ရွှေ၊ လက်ဝတ်ရတနာ မျိုးစုံနှင့်ငွေများကို ယူဆောင်ကာ မိတ္ထီလာမြို့နယ်သို့ အငှားယာဉ်ဖြင့်

ပြန်လာခဲ့ကြောင်း၊ မိထ္တီလာမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ ၎င်းနှင့် ခင်မင်ရင်းနှီးသူ ဝတုတ် (ခ )သောင်းတန် (၃၉) နှစ်အား ၎င်းခိုးယူရရှိလာသော နိုင်ခြားငွေများနှင့် လက်ကောက် (၂) ကွင်းတို့ကို ပေါင်နှံခိုင်းပြီး ရရှိသောငွေဖြင့် မစ်ဆူဘီရှီ အမျိုးအစားမော်တော်ယာဉ်အားငွေကျပ်(၇၅)သိန်းဖြင့်လည်းကောင်း၊ ဒူးရန်း ဆိုင်ကယ်(၁)စီးအား ငွေကျပ် (၈) သိန်းဖြင့်လည်းကောင်း ဝယ်ယူခဲ့ကြောင်း၊ ဆိုင်ကယ်မှာ အခိုးခံခဲ့ရပြီး

လက်ဝတ်ရတနာများကို ရောင်းချခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ခိုးယူခံရသည့် ပစ္စည်းနှင့်ငွေများကိုရောင်းချခဲ့သည့် ရွှေဆိုင်၊ အပေါင်ဆိုင်များမှ ပြန်လည်သိမ်းဆည်းခဲ့ရာ စုစုပေါင်းတန်ဖိုး ငွေကျပ်(၁,၇၀၄) သိန်းကျော်ဖိုး ပြန်လည်သိမ်းဆည်းရရှိ

ခဲ့ပြီးကျန်ရှိသည့် သက်သေခံ ပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခိုးမှုကျူးလွန်သူ ကျော်စွာထွန်း (ခ) ကျော်လင်းထွန်း (ခ) ကျော်မင်းထွန်းသည် ၂၀၀၈ ခုနှစ်အတွင်းက မရမ်းကုန်း မြို့နယ်အတွင်း ဖောက်ထွင်းမှု ကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ် (၇) နှစ်ကျခဲ့ကြောင်း ၊ ၂၀၁၁ ခုနှစ်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခိုးမှုဖြင့် ထောင်ဒဏ် (၄)နှစ် ကျခဲ့ကြောင်း သိရှိရသဖြင့် ပြစ်ချက်ဟောင်းရှိ ခိုးမှုကျူး လွန်သူ ကျော်စွာထွန်း ( ခ )ကျော်လင်းထွန်း ( ခ) ကျော်မင်းထွန်း နှင့် ဝတုတ် (ခ ) သောင်းတန် တို့အား ဥပဒေနှင့်အညီ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း

သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.