Connect with us

Politics, Law & Military

လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ချခံရသော မြန်မာလုပ်သားနှစ်ဦး၏ အယူခံအတွက် မြန်မာအစိုးရ ကူညီပံ့ပိုးဆောင်ရွက်မည်

လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ချခံရသော မြန်မာလုပ်သားနှစ်ဦး (ဓာတ်ပုံ-MW RN)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုကြောင့် သေဒဏ်ချခံရသော မြန်မာလုပ်သားနှစ်ဦး၏ အယူခံအဆင့်ဆင့် အတွက် မြန်မာအစိုးရက ကူညီပံ့ပိုး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ထိုင်းနိုင်ငံရှိ မြန်မာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ လူသတ်မှုအတွက် ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟုဆိုကာ ထိုင်းတရားသူကြီးက သေဒဏ်အပြစ်ဒဏ်အပါအဝင် ပြစ်မှု (၇)မှုလုံးကိုလည်း သီးခြားပြစ်ဒဏ်များ ယနေ့ ချမှတ်လိုက်သည်
“အယူခံမှုအဆင့်ဆင့်မှာ ဒီအမှုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားများ ကိုပြန်လည်သုံးသပ်ပြီး စွပ်စွဲခံရသူနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြနိုင် မယ်လို့ မေ ျှာ်လင့်တယ်” ပြည်ထောင်စု ဝန်ကြီးက ဦးရဲထွဋ်က ပြောသည်။

ထိုင်းနိုင်ငံ လိပ်ကျွန်း ၌ ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ (၂၄) နှစ်နှင့် ဟန်နာဝစ်သာ ရစ်ချ်(၂၃)နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဉ့်သန်း ခေါင်တွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး မြန်မာ လုပ်သားနှစ်ဦးဖြစ်သော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှုကျူးလွန်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.