Connect with us

Politics, Law & Military

လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများ ညှိနှိုင်းပြီး ရေတို၊ရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်ဟု ပြည်ထောင်စုဝန်ကြီးဆို

၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့၌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ သဘောထားတင်ပြဆွေးနွေးစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

လုံခြုံရေးအတွက် ပြည်တွင်းပြည်ပ လုံခြုံရေးကို အဓိကတာဝန်ယူထားသော တပ်မတော်အပြင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများ ညှိနှိုင်းပြီး ရေတိုရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့၌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အစိုးရအဖွဲ့ကိုယ်စား သဘောထားအမြင်တင်ပြဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ယနေ့ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့အခမ်းအနားတွင် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့ကိုယ်စား သဘောထားတင်ပြခဲ့သည်။
အစိုးရအဖွဲ့ လက်အောက်ရှိ လုံခြုံရေးအဖွဲ့အစည်းများ၏ လုံခြုံရေးစွမ်းအင်ကို အမြဲမြှင့်တင် ရန်လိုအပ်ကြောင်း၊ သမားရိုးကျမဟုတ်သော လုံခြုံရေးစိန်ခေါ်မှုများအတွက် ပြည်တွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဆိုသည်။
မြန်မာနိုင်ငံ၏ လုံခြုံရေးမူဝါဒများသည် အပြောင်းအလဲ ကာလတွင်းသာမက အပြောင်းအလဲလွန်ကာလများမှာ တူညီသော အခြေခံများရှိမည်ဖြစ်ပြီး နယ်စပ်လုံခြုံရေးအတွက် အိမ်နီးချင်းနိုင်ငံလုံခြုံရေးများဖြင့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွက် များစွာအရေးကြီးုခြင်း၊ မြန်မာနိုင်ငံလုံခြုံရေးကိုအမြဲမြှင့်တင် ရန်လိုအပ်ခြင်းတို့အပြင် ကမ္ဘာကုလသမဂ္ဂ၏လုံခြုံရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ၌ မြန်မာနိုင်ငံပါဝင်ရန် လိုအပ်ကြောင်း ၎င်းက တင်ပြဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးမူဝါဒသည် ဒီမိုကရေစီစနစ်ကိုအခြေခံပြီး တရားဥပဒေ စိုးမိုးရေးမဏ္ဍိုင်အဖြစ်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ကာကွယ်ရေးနှင့် လုံခြုံရေး အကောင်အထည် ဖော်ရာတွင် အရပ်သားများပါဝင်မှုကို စတင်မြှင့်တင်ရန် စဉ်းစားဖို့လိုအပ်ကြောင်း ဦးကျော်တင့်ဆွေက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့၌ အစိုးရအဖွဲ့ကိုယ်စား သဘောထားအမြင်တင်ပြဆွေးနွေးရာတွင် ဖက်ဒရယ်စနစ်ဖြင့် နိုင်ငံတစ်ခု တည်ဆောက်ရေးကို ဆွေးနွေးတင်ပြသွားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.