Connect with us

Politics, Law & Military

၈ ပြည်နယ်မူသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်ဟု ၂၁ရာစုပင်လုံညီလာခံ၌ USDP ပါတီမှ ဆွေးနွေး

၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးက ဆွေးနွေးတင်ပြနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

၈ ပြည်နယ်မူသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်အကြာင်း ယနေ့ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးက ဆွေးနွေးတင်ပြချက်၌ ထည့်သွင်းဆွေးနွေးသွားသည်။

ယခင် သမိုင်းကြောင်းအရ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ရသော ၈ ပြည်နယ်မူသည် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေး စေနိုင်သည့် ဝိဝါဒကွဲပြားစေနိုင်သော အမျိုးသားပြည်နယ်၊ အမျိုးသားများပြည်နယ်ဆိုသည့် အယူအဆ များသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်သည့်အတွက် သတိပြု ဆင်ခြင်သုံးသပ် သင့်ကြောင်း ၎င်းက ဆွေးနွေးတင်ပြခဲ့သည်။
“ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကိုဖော်ဆောင်တဲ့နေရာမှာ လူမျိုးစွဲ၊ ဝါဒစွဲ ကျဉ်းမြောင်းတဲ့ မျုးိချစ်စိတ်ဓာတ်နဲ့ လူမျိုးကြီးဝါဒတို့ကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ပြည်ထောင်စု ပြိုကွဲရေးကို ဦးတည်စေနိုင်တဲ့ ကွန်ဖက်ဒရေးရှင်း ပုံစံမျိုးမဖြစ်ဖို့လိုပါတယ်”ဟု ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးက ဆိုသည်။
ယင်း၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့တွင် အစိုးရအဖွဲ့မှ ဦးကျော်တင့်ဆွေ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ပဒိုစောတာဒိုမူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဦးဝင်းထိန်၊ လွှတ်တော်မှ ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ)( KNU/KNLA PC)မှ စောကျော်ညွန့်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးမြင့်စိုး ၊ တပ်မတော်မှ ဗိုလ်မှူးကြီး တင့်နိုင်အေး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စောစိန်ဝင်း၊ ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်၊အစိုးရအဖွဲ့မှ ဒေါက်တာတင်မျိုးဝင်း၊ ချင်း အမျိုးသားတပ်ဦး (CNF)မှ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းထွန်းအေး၊ လွှတ်တော်မှ ဒေါ်ဝင့်ဝါထွန်း၊ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး ကော်မတီ(NDAA)မှ ဦးကြည်မြင့်တို့မှ သဘောထားအမြင်များ တင်ပြဆွေးနွေးကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.