Connect with us

Politics, Law & Military

လွှတ်တော်မှ တရားမျှတသော ဥပဒေများ ပြဋ္ဌာန်းနိုင်မှသာ တရားဥပဒေ စိုးမိုးနိုင်မည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဆို

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ယနေ့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်း နောက်ဆုံးနေ့ အစည်းအဝေးတွင် နှုတ်ခွန်းဆက်စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

လွှတ်တော်မှ တရားမျှတပြီး အများပြည်သူ လိုက်နာနိုင်သော ဥပဒေများ ပြဋ္ဌာန်းနိုင်မှသာ အမှန်တကယ် ပြုပြင် ပြောင်းလဲကာ တရားဥပဒေ စိုးမိုးနိုင်မည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယနေ့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်း နောက်ဆုံးနေ့ အစည်းအဝေးတွင် ပြောကြားသော နှုတ်ဆက်စကားတွင် ထည့်သွင်း ပြောကြားသည်။

တရားမျှတပြီး အများပြည်သူ လိုက်နာနိုင်သော ဥပဒေများကို လွှတ်တော်က ပြဋ္ဌာန်းနိုင်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက မလုပ်ဆောင်နိုင်လျှင်လည်း မဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ လွှတ်တော် အတွင်းရှိသော လွှတ်တော် အမတ်ဟောင်း အများအပြားသည် လွှတ်တော်အတွင်း မရှိနိုင်တော့ဘဲ လွှတ်တော် အပြင်ဘက်မှ လွှတ်တော် အောင်မြင်ရေးကို ဝိုင်းဝန်း လုပ်ဆောင်ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက တိုက်တွန်း ပြောကြားသည်။

ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၀) ရက်မြောက်နေ့ ယနေ့တွင် နိုင်ငံရေး ပါတီများ ဖြစ်သော ချင်းတိုးတက်ရေး ပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ ကချင်ပြည်နယ် (စဒက)၊ တအောင်း(ပလောင်) အမျိုးသား ပါတီ၊ ဓနု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက် တစ်ပါတီ၊ “ဝ” ဒီမိုကရက်တစ် ပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့ နှုတ်ဆက် စကား ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.