Connect with us

Politics, Law & Military

သိန်းနီမြို့တွင် အချိုရည်ဗူးများဖြင့် ရောသယ်ဆောင်လာသော တရားမဝင်သစ်များ ဖမ်းမိ

အချိုရည်ဗူးများဖြင့် ရောနှော သယ်ဆောင်လာသော တရားမ၀င်သစ်များအားတွေ့ရစဉ်(ဓာတ်ပုံ-သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

သိန်းနီမြို့နယ်တွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ အချိုရည်ဗူးများဖြင့် ရောနှော သယ်ဆောင်လာသော တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရသိရသည်။

သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များနှင့် လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ အဖွဲ့တို့သည် ဇွန် ၁၄ရက်နေ့ နံနက် ၁၀နာရီခန့်က သိန်းနီမြို့နယ် ရေပူစစ်ဆေးရေး၌ ယာဉ်တစ်စီးအားစစ်ဆေးရာ အချိုရည်ကတ်များအနောက်ကွယ်တွင် သယ်ဆောင်လာသော တရားမဝင်သစ်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် တရားမဝင် သစ်စေးသစ်လုံး နှစ်လုံး (ဝ.၁၉၁၂) တန် ၊သစ်စေးဓါးရွေ သုံး တုံး (ဝ.၂၈၆၂) တန် ၊ပိတောက်ဓါးရွေ ၁၉တုံး (၁.၇၇၄၄) တန် စုစုပေါင်း ၂၄ တုံး (၂.၂၅၁၈) တန်အား ဖမ်းဆီးရမိထားသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.