Politics, Law & Military
သိန်းပေါင်း ၁၁၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးပြုလုပ်ရာ၌ အသုံးပြုသော ပစ္စည်းများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်အတွင်း ကျပ် သိန်းပေါင်း ၁၁၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးပြုလုပ်ရာ၌ အသုံးပြုသော ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ကွမ်းလုံ-လောက်ကိုင် သွားကားလမ်း၏ မြို့ရှောင်လမ်းပေါ်၌ ရပ်တန့်ထားသောယာဉ်နှစ်စီးကို ဇွန် ၂၉ ရက် နံနက်က မသင်္ကာဖွယ်ရာတွေ့ရှိရသဖြင့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်ဖွဲ့က စစ်ဆေး ရှာဖွေရာ ပလတ်စတစ် အကြည်ရောင်နှစ်ထပ်ဖြင့် ထုပ်ပိုးထားသော ကဖင်း(အဖြူရောင်အမှုန့်) ၄၀ ကီလိုခန့်စီပါ ဆာလာအိတ် ၁၆၅ အိတ်၊ စုစုပေါင်းအလေးချိန် ၆၆၀၀ ကီလိုခန့် (ကာလတန်ဖိုး ကျပ်သိန်း ၄၉၅၀ ခန့်)၊ ဟိုက်ဒရိုကလိုရစ် အက်စစ်အညိုရောင်အရည် ၁၄၀ ကီလိုခန့်စီပါ စတီးပီပါ ၁၃ လုံး (၁၈၂၀ လီတာခန့်) (ကာလတန်ဖိုးကျပ်သိန်း ၁၃၆၅ ခန့်) နှင့် ဆာလဖျူရစ်အက်စစ် အညိုရောင်အရည် ၁၄၀ လီတာခန့်စီပါ အပြာရောင် ပလတ်စတစ်ပီပါ နှစ်ပီပါ (၂၈၀ လီတာခန့်) (ကာလတန်ဖိုးကျပ်၂၂၄၀၀၀ ခန့်) တို့ကို ယာဉ်တစ်စီးပေါ်မှ သိမ်းဆည်းရမိခဲ့သည်။
အမျိုးအစား(ခြောက်လုံးထိုး)(အပြာရောင်) နောက်ထပ်ယာဉ်တစ်စီးကို စစ်ဆေးရာ ၎င်းယာဉ်ပေါ်မှ
ယာဉ်ပေါ်မှ ပလတ်စတစ်အကြည်ရောင် နှစ်ထပ်ဖြင့် ထုပ်ပိုးထားသည့် ကဖင်း(အဖြူရောင်အမှုန့်) ၄၀ ကီလိုခန့်စီပါ ဆာလာအိတ် ၁၈၃ အိတ်(၇၃၂၀ ကီလိုခန့်) (ကာလတန်ဖိုးကျပ်သိန်း ၅၄၉၀ ခန့်) ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိယာဉ် နှင့် ပစ္စည်းများကို ကွမ်းလုံမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ပြီး မယ (ပ)၂၂/၁၆၊ မူး/စိတ် ၁၆(ခ)ဖြင့် အမှုဖွင့် အရေးယူထားသည်။ (Xinhua)