Connect with us

Politics, Law & Military

အခြေအနေမှန်များကို မျက်ခြည်မပြတ်ဖို့၊ သတိရှိရှိ နားစွင့်နေကြဖို့ မှာကြား

နေပြည်တော်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူတို့ ၏ အခြေအနေမှန်များကို မျက်ခြည်မပြတ်ကြဖို့နှင့် သတိရှိရှိ နားစွင့်နေကြဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ပြီးဆုံးချိန်တွင် မှာကြားခဲ့သည်။

“ပြည်သူတွေက အားကိုးယုံကြည်စွာနဲ့ ရွေးချယ်တာဝန်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဟာ ပြည်သူတွေ ကြုံတွေ့ခံစားနေရ တဲ့ အခြေအနေမှန်တွေကို မျက်ခြေမပျက်စေဘဲ သတိရှိရှိနဲ့ အမြဲ နားစွင့်နေဖို့ လိုပါတယ်။ ပြည်သူ့အသံ၊ လွှတ်တော်အသံဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ကြိုးပမ်းဆောင် ရွက်ဖို့ အတွက် ပြည်ထောင်စု စိတ်ဓါတ်နဲ့ ဝိုင်းဝန်းပူးပေါင်း ကူညီပေးကြဖို့ တိုက်တွန်းမှာကြားလို ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထို့အပြင် လွှတ်တော်၏ စည်း မျဉ်းစည်းကမ်းများကို လေးစားလိုက်နာပြီး ပြည်သူများ၏ မျှော်လင့် ချက်များ၊ ဆန္ဒများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးကြဖို့ မှာကြားလိုကြောင်း၊ လွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည့် ဥပဒေများ သည် ပြည်သူလူထုကို အကာအကွယ်မပေးနိုင်သော ဥပဒေ များ ဖြစ်နေလျှင် ဒီမိုကရေစီယဉ်ကျေးမှုလမ်းကြောင်းမှ သွေဖည်သွားစေနိုင်သည်ကို သတိပြုကြရ မှာဖြစ်ကြောင်း၊ ဒီလိုအဖြစ်မျိုးများကို ရှောင်ရှားပြီး ဥပဒေဆိုတာ ဖိနှိပ် ချုပ် ချယ်ဖို့ မဟုတ်ဘဲ လူမျိုး မရွေး ဆင်းရဲချမ်းသာ မရွေး ကျား၊ မ ခွဲခြားမှုမရှိ၊ လူတန်းစားခွဲခြားမှုမရှိဘဲ နိုင်ငံသား အားလုံးကို တန်းတူအကာအကွယ်ပေးသော ဥပဒေများ ရေးဆွဲပြဌာန်းဖို့ အထူးလိုအပ်ကြောင်းလည်း လွှတ်တော် ဥက္ကဋ္ဌက ပြောခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်များဟာ ဥပဒေပြုရေးမဏ္ဍိုင်ပြယုဂ်များဖြစ်တဲ့အတွက် သွားသတိ၊ လာ သတိ နဲ့ နေထိုင်ကြဖို့နဲ့ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့ အခါမှာလည်း ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး ပြောဆို၊ ဆက်ဆံ ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။ ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်တဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ကိုလည်း တက်တက်ကြွကြွဆောင်ရွက်ဖို့ မှာကြားလိုပါတယ်။ မည်သည့်နေရာ ဒေသမှာ မဆို ဘေးအန္တရာယ်ကျရောက်လာခဲ့ရင်လည်း ပြည်သူလူထုတွေရဲ့ အခက်အ ခဲတွေကို စာနာနားလည်ပြီး တက်စွမ်းသမျှ ကူညီစောင့်ရှောက်ပေးကြဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ယနေ့ ပြီးဆုံးခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် အဆိုပေါင်း ၁၁ ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို ၆ ခု၊ မှတ်တမ်းတင် အဆို ၅ ခု ဖြစ်ကြောင်း၊ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၂၈ ခုရှိပြီး ဥပဒေကြမ်း ၁၀ ခုကို အတည်ပြုနိုင်ခဲ့ကြောင်း။ ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၈ ခု ကျန်ရှိကြောင်း၊ အစည်းအဝေးကာလအတွင်း ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီ ၆ ခု၏ နှစ်ပတ်လည် အစီရင်ခံစာများကို အတည်ပြုခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် သုံးဦးကို ကော်မတီအဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်းဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဆက်လက်ဆောင်ရွက်ကြရမယ့် တာဝန်တွေများစွာ ကျန်ရှိနေကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းလည်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.