Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် နေပူတောင်ဒေသအား Ecotourism ဖြစ်လာရန် ပူးပေါင်း ဆောင်ရွက်မည်

နေပြည်တော်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ရခိုင်ရိုးမရှိ နေပူတောင် ဒေသကို အလှဆင် မာဘယ်ကျောက် ထုတ်လုပ်မှု လုပ်ငန်းများ အပြီးပိတ်သိမ်းပြီးပါက သဘာ၀ အခြေခံ ခရီးသွားလာမှုဒေသ ဖြစ်လာရေး အတွက် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သစ်တော၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ အမျိုးသား လွှတ်တော်တွင် ဖြေကြားခဲ့သည်။

“မာဘယ်ကျောက်ထုတ်လုပ်ငန်းများအား အပြီးပိတ်သိမ်းခွင့် တင်ပြထားခြင်းကို လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက်ပြီးစီးပါက အဆိုပါဒေသကို ပြည်နယ်အစိုးရ၏ ဦးဆောင်မှုအရ သဘာ၀ အခြေခံ ခရီးသွား လာရေးဒေသအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရက ထိုဒေသကို သဘာ၀ အခြေခံ ခရီးသွား စခန်း အဖြစ် တိုးမြှင့် သတ်မှတ်မည် ဆိုပါက သစ်တော၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနနှင့် ပူးပေါင်း ပြီး Ecotourism ဒေသ အဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်၏ အမေးကို ပြန်လည် ဖြေကြားရာတွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း ကြွရောက်လာစဉ်။

ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး ရခိုင် ပြည်နယ် အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းကို သဘာ၀ အခြေခံ ခရီးသွားလာမှု ကဏ္ဍ အလားအလာ ရှိသည့်သံတွဲ၊ ဂွ၊ မာန်အောင်နဲ့ ကျိန္တလီတို့မှာ ရှိသော ကမ်းခြေဒေသ အပါအဝင် အခြားသော ခရီးစဉ် ဒေသနေရာများကို ဦးစားပေးမြှင့်တင် ဆောင်ရွက် လျက် ရှိကြောင်း၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်းရှိ ရခိုင်ရိုးမပေါ်မှာ တည်ရှိသော နေပူတောင်ဒေသ ကို ဗီယက်နမ် – မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်အရ MIC ၏ ခွင့်ပြု ချက်ဖြင့် ယခင်သတ္တုတွင်း ဝန်ကြီးဌာန ကျောက်ထုတ် ကုမ္ပဏီနှင့် အမှတ်(၁) သတ္တုလုပ်ငန်း တို့က မာဘယ်အလှဆင် ကျောက်များ ထုတ်လုပ်ခဲ့ကြောင်း၊ ထုတ်လုပ်စရိတ်နှင့် ဈေးကွက် ပေါက်ဈေး မျှားမှာ စီးပွားရေးအရ တွက်ခြေမကိုက် သောကြောင့် ၂၀၁၈ ခုနှစ် ဧပြီ လမှ စပြီး လုပ်ငန်းကို အပြီး ပိတ်သိမ်းခွင့် ပြုစေလိုကြောင်း ကုမ္ပဏီက ဝန်ကြီးဌာနကို ၃ – ၈ – ၂၀၁၈ ရက်စွဲပါစာဖြင့် ဆန္ဒပြု တင်ပြ ခဲ့ကြောင်း၊ စာချုပ် ဖျက်သိမ်းပြီးပါက အဆိုပါ နေပူတောင် ဒေသသည် တောရိုင်းမြေအမျိုးအစား အဖြစ် ပြန်လည် တည်ရှိသွားမှာ ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.