Connect with us

Politics, Law & Military

ဥပဒေကြောင်းအရ မဲပေးပိုင်ခွင့် ရှိသူများ ကျန်ခဲ့ခြင်းသည် မဲပေးခွင့်ကို ထိခိုက် ဆုံးရှုံးခြင်းဖြစ်ပြီး အချိန်မီ ပူးပေါင်း ပြင်ဆင်ခြင်းဖြင့် မဲစာရင်း အမှန်ကို ရရှိနိုင်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်မှ အသိပေးထုတ်ပြန်

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဇေယျာသီရိမြို့နယ်တွင်းရှိ အခြေခံ မဲဆန္ဒနယ် စာရင်းများအား လေ့လာကြည့်ရှုနေစဉ် (ဓာတ်ပုံ- H.E. Thura U Shwe Mann Facebook)

ရန်ကုန် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းစဉ်သည် ရွေးကောက်ပွဲ ဥပဒေများအရ တရားဝင် မဲစာရင်း ထုတ်ပြန် ကြေညာခြင်း မပြုမီ ကြိုတင် ဆောင်ရွက်သည့် လုပ်ငန်းစဉ် ဖြစ်ပြီး တရားဝင် မဲစာရင်း ထုတ်ပြန်ချိန်တွင်လည်း မဲစာရင်း ကြည့်ရှု တောင်းဆို ပြင်ဆင် ကန့်ကွက်ခွင့်များ ရရှိဦးမည်ဟု မဲစာရင်း မှန်ကန်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များအား ပြည်သူလူထုသို့ ရှင်းလင်း အသိပေးချက်ကို ထုတ်ပြန်လိုက်သည်။

ယခု ကြေငြာထားသည့် အခြေခံ မဲစာရင်းအပေါ်တွင်လည်း တောင်းဆို ၊ ပြင်ဆင် ၊ ကန့်ကွက်မူများ ပြုလိုပါက သက်ဆိုင်ရာ မြို့နယ် ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများ ထံသို့ဆက်သွယ် ဆောင်ရွက် နိုင်ပါသည်။ မဲဆန္ဒရှင် ပြည်သူများက ပူးပေါင်း ဆောင်ရွက်ကြပါရန် နှင့် အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုများ အား ကြိုဆိုပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အသိပေး ကြေညာလိုက် သည်။

မဲစာရင်းတွင် မှားယွင်းမှု ရှိသည်ဟု ဆိုရာတွင် ဥပဒေကြောင်းအရ မဲပေးပိုင်ခွင့်ရှိသူများ ကျန်ခဲ့ခြင်းသည် မဲပေးခွင့်ကို ထိခိုက်ဆုံးရှုံးခြင်း ဖြစ်ပြီး မပါသင့်သူများ (ကွယ်လွန် ၊ ထောင်ကျ) ပါဝင်နေခြင်း တို့သည် မဲပေးခွင့်ကို အသုံးချသွားနိုင်သည်။ သာမန် အားဖြင့် အမည် ၊ မှတ်ပုံတင် ၊ မွေးလ ၊ မွေးရက် မှားယွင်းချို့ယွင်းမှုများမှာ မဲပေးပိုင်ခွင့်ကို ထိခိုက်စေမည် မဟုတ်ပါ။ မည်သို့ပင်ဆိုစေ အချိန်မီ ပူးပေါင်း ပြင်ဆင်ခြင်းဖြင့် မဲစာရင်း အမှန်ကို ရရှိနိုင်မည် ဖြစ်သည်။

ယခုအခါတွင် တစ်နိုင်ငံလုံး အဆင့် အခြေခံ မဲစာရင်းများကို ထုတ်ပြန် ကြေငြာနိုင်ခဲ့ပြီး ပြည်သူ လူထုအချို့က မဲစာရင်း လာရောက် ကြည့်ရှုကာ တောင်းဆို ၊ ကန့်ကွက် ၊ ပြင်ဆင်မူများ ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။ ဥပမာအားဖြင့် နေပြည်တော် ၈ မြို့နယ်တွင် မဲဆန္ဒရှင်ပေါင်း ၆၁၄,၈၂၆ ယောက် ရှိသည့်အနက် မှတ်တမ်းများအရ မဲစာရင်း လာရောက် ကြည့်ရှုသူ ၂၀၈,၂၉၅ ယောက် ( ၃၃ . ၈၇ ရာခိုင်နှုန်း) ၊ ဖြည့်စွက် ပေးရန် တောင်းဆိုသူ ၁၃,၀၁၇ ယောက် (၆ . ၂ ရာခိုင်နှုန်း) ၊ ကန့်ကွက်သူ ၄,၇၂၆ ယောက် (၂ . ၂ ရာခိုင်နှုန်း) တို့ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည့်စုံ မှန်ကန်သော မဲစာရင်း ရရှိ စေရေးအတွက် ရည်ရွယ်ပြီး ကြိုတင် ဆောင်ရွက်သည့် စီမံချက်တစ်ရပ် ချမှတ် ဆောင်ရွက်ခဲ့သည်။ စီမံချက်အရ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် မတူညီသော ဒေသများရှိ မြို့နယ် ၃ မြို့နယ်၌ ရှေ့ပြေးစမ်းသပ်မှု လုပ်ဆောင်ခဲ့ပြီး အတွေ့အကြုံများကို သုံးသပ်ကာ တစ်နိုင်ငံလုံး အနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ် ဇွန်လ အထိ အဆင့် ၄ ဆင့် ဖြင့် မဲစာရင်း ပြုစု ကြေညာပေးသည်။ လုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ မဲဆန္ဒရှင် ပြည်သူလူထု ၊ နိုင်ငံရေး ပါတီများ ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၏ ပူးပေါင်း ကူညီမူဖြင့် မဲဆန္ဒရှင်များက မဲစာရင်းကို ကြည့်ရှုပြီး မှားယွင်းချက် ၊ လိုအပ်ချက်များကို အချိန်မီ ပြုပြင်ကာ ယာယီ မဲစာရင်း အမှန် ဖြစ်ပေါ်လာစေရေး ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ၊ ၂၀၁၂ ခုနစ် ကြားဖြတ် ရွေးကောက်ပွဲ အတွေ့အကြုံများအရ မဲစာရင်း ထုတ်ပြန် ကြေငြာပြီး နောက်ပိုင်းတွင်မှ မဲစာရင်းတွင် ချို့ယွင်း အားနည်းချက်များ ရှိကြောင်း တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီမှု မရှိသော စာရင်း ဇယားများအား အခြေခံ ကောက်ယူခြင်း ၊ မဲစာရင်း လာရောက် မကြည့်ရှုခြင်း ၊ တောင်းဆို ၊ ပြင်ဆင် ၊ ကန့်ကွက် ခြင်း တို့တွင် ပြည်သူ လူထုအတွက် အချိန် မလုံလောက်သောကြောင့် ချို့ယွင်း အားနည်း ခဲ့ရသည်ဟု ကော်မရှင်က သုံးသပ် ရရှိသည်။ယင်း ချို့ ယွင်း အားနည်းချက်သည် ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အသိပေး ထုတ်ပြန်လိုက်သည်။ (Xinhua)