Connect with us

Politics, Law & Military

Dagon City စီမံကိန်း အား နိုင်ငံတော် အစိုးရ မှ တရားဝင် ရပ်စဲ လိုက်ကြောင်း အမိန့်ကြေညာ စာထုတ်ပြန်

ရွှေတိဂုံ စေတီတော်ကြီး မြင်ကွင်းပုံ(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ယခင်နိုင်ငံတော်ကာ ကွယ်ရေး တက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ် တပ်ရင်း နေရာဟောင်း တည်ရှိရာ နေရာတွင် အထပ်မြင့် ကွန်ဒို အဆောက်အအုံ တည်ဆောက်ရေး ဒဂုံစီးတီး စီမံကိန်း ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ မှ အမိန့်ကြေညာစာ အမှတ် ၆၆/၂၀၁၅ ဖြင့် စီမံကိန်း ရပ်စဲလိုက်ကြောင်း ယနေ့တွင် တရားဝင် ထုတ်ပြန်ကြေညာ ခဲ့သည်။

ထိုစီမံကိန်း ကို တင်ဒါ ခေါ်ယူခဲ့ရာတွင် ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် ၊ Advanture Myanmar Tours And Incentives Co.,Ltd ၊ သုခ ရတနာ ကုမ္ပဏီလီမိတက် နှင့် Marga Landmark Development Co.,Ltd.တို့မှ တင်ဒါ အောင်မြင် ခဲ့သည်။

သို့တော် စီမံကိန်းများ အကောင်အထည်ဖော် မှုကြောင့် ရွှေတိဂုံ စေတီတော်ကြီးအား ထိခိုက်မှုရှိမည်ကို ရဟန်းရှင်လူပြည်သူ အချို့ စိုးရိမ်ပူပန်လာခြင်း၊ ပညာရှင် အချို့က ပညာရပ်ပိုင်းဆိုင်ရာ သုံးသပ်ချက်များ ကို နိုင်ငံတော်သမ္မတထံ ပေးပို့အကြံပြုခြင်း၊ စိုးရိမ်ပူပန်သူ အချို့က စီမံကိန်း ရပ်ဆိုင်းပေးရန် နိုင်ငံတော်သမ္မတထံသို့ မေတ္တရပ်ခံလာခြင်း စသည့်အခြေအနေများကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း စီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် မသင့်ကြောင်း သုံးသပ် တင်ပြချက်အရ လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း စီမံကိန်းများရပ်ဆိုင်း ပေးပါရန် တင်ပြချက်အရလည်းကောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ရွှေတိဂုံစေတီတော် အပါအဝင် သိင်္ဂုတ္တရကုန်းတော်ရှိ စေတီပုထိုးများ၊ သာသနိက အဆောက်အအုံ များ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများအား မည်သည့် အကြောင်းကြောင့်မျှ ထိခိုက်မှု မဖြစ်ပေါ်ရေး ဦးစားပေး ဆောင်ရွက်ရန် လိုလားခြင်းကြောင့် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူများနှင့် ညှိနှိုင်းရာတွင် ၎င်းတို့ကလည်း လိုလားစွာ လက်ခံခြင်းကြောင့်လည်းကောင်း၊ နှစ်ဦးနှစ်ဘက် သဘောတူညီ ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ယခင်နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ်တပ်ရင်း နေရာဟောင်း တို့တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းအားလုံးကို အမိန့်ကြော်ငြာ စာထုတ်ပြန်သည့် နေ့မှစတင်၍ အပြီးသတ် ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန် ခဲ့သည်။

ဤသို့ စီမံကိန်းအားအပြီးသတ် ရပ်ဆိုင်းလိုက်ခြင်းကြောင့် စီးမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် လျက်ရှိကြသည့် ရင်းနှီးမြှုပ်နှံသူများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ဆက်လက် ညှိနှိုင်းဆောင် ရွက်ပေးသွားမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.