Connect with us

Politics, Law & Military

၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ့ရေထွက်စ္စည်း ဒေါ်လာ သန်း ၇၁၀ ကျော် တင်ပို့နိုင်ခဲ့

ကြည်မြင်တိုင်ငါးဈေး၌ ငါးများရောင်းချနေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ့ ငါးလုပ်ငန်း ဦးစီးဌာနသည် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်အတွင်း ရေထွက်ပစ္စည်း ကန်ဒေါ်လာ ၇၁၀ သန်းကျော်ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းစိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က မေ ၁၆ ရက်က အမျိုးသား လွှတ်တော်တွင် ဖြေကြားခဲ့သည်။

“မြန်မာ့ ရေထွက် ပစ္စည်းတွေကို ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့ နှစ်အလိုက် တိုးမြှင့် တင်ပို့ ခဲ့ရာမှာ ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၇၁၁ ဒသမ ၇၁၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်” ဟု ၎င်းက ရှင်းလင်းဖြေကြားခဲ့သည်။

၂၀၁၄ -၁၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၂ ဒသမ ၂၅ သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ၅၀၂ဒသမ ၆၃ သန်း နှင့် ၂၀၁၆ -၁၇ တွင် ကန်ဒေါ်လာ ၆၀၅ ဒသမ ၈၂ သန်းဖို့တင်ပို့နိုင်င်ခဲ့ပြီး ယခုနှစ်တွင် တိုးမြှင့်င်ပို့ နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးရိက္ခာ ဖူလုံစေရန် ငါးသယံဇာတများ ထိန်းသိမ်းခြင်း၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ငါးလုပ်ငန်း စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက် ရှိပါကြောင်းလည်း ၎င်းက ပြောခဲ့သည်။

မြန်မာ့ ရေထွက်ပစ္စည်းများကို အဓိက ဝယ်ယူသည့် ဆော်ဒီအာရေဗျနိုင်ငံ၊ အမေရိကန်နှင့် EU နိုင်ငံများက မြန်မာ့ ရေထွက်ပစ္စည်း တင်ပို့မှုကို လတ်တလော ပိတ်ဆို့ ဟန့်တားမှုများ ရှိနေခြင်း နှင့်ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်၏ အမေးကို ယနေ့ ပြန်လည် ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

ဒုဝန်ကြီးက ဖြေကြားရာတွင် … အရှေ့တောင်အာရှနိုင်ငံများမှ တင်သွင်းသော ရေထွက်ကုန်စည် များတွင် ရောဂါပိုး နှစ်မျိုး ပါရှိနေခြင်းကြောင်း ဆော်ဒီအာရေဗျနိုင်ငံ အစားအသောက်နှင့် ဆေးဝါး အဖွဲ့အစည်း (SFDA) က မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံတို့မှ ရေထွက် ကုန်စည်များကို ယာယီ ဟန့်တားခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ နေရာအချို့ရှိ ပုစွန်ကန် များတွင်သာ အဆိုပါ ရောဂါပိုးကို ၂၀၁၇ ခုနှစ် မေလအတွင်းက တွေ့ရှိရခြင်းဖြစ်ပြီး ၂၀၁၇ ဇူလိုင်လမှ ဒီဇင်ဘာလတွင်မူ ရောဂါပိုးများ မတွေ့ရှိရကြောင်း အစီရင်ခံစာကို OIE (World Organization for Animal Health) သို့ပေးပို့ခဲ့ကြောင်း၊ အဆိုပါ White Tail ရောဂါပိုးကိုရေချို ပုစွန်များတွင်သာ တွေ့ရှိရခြင်း ဖြစ်ပြီး ငါးများတွင် ကျရောက်သော ရောဂါပိုး မဟုတ်ကြောင်းကို ဆော်ဒီအာရေဗျနိုင်ငံ သံရုံးသို့ အကြောင်းပြန်ခဲ့ပြီး မြန်မာ့ရေထွက် ပစ္စည်းများ တင်ပို့နိုင်ရေး စဉ်းစားပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထိုသို့တင်ပို့နိုင်ရေးအတွက်နှစ်ဘက် တာဝန်ရှိသူများ နေပြည်တော်တွင် တွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံသို့ မြန်မာနိုင်ငံက အများဆုံး တင်ပို့သော ငါးမှာ ငါးမြစ်ချင်းဖြစ်၍ တွေ့ရှိရသော ရောဂါပိုးနှင့် မည်သို့မျှ မသက်ဆိုင်သဖြင့် ငါးမြစ်ခြင်း အပါအဝင် အခြား မွေးမြူရေး ငါးများ ဆက်လက် တင်ပို့ခွင့်ပြုရန် ဆွေးနွေးခဲ့ကြောင်း ပါဝင်ခဲ့သည်။

ထို့အပြင် မြန်မာ့ ပင်လယ်ထွက် ငါး ပုစွန်များအား အမေရိကန်သို့ တင်ပို့ခွင့်ရရေးနှင့် ပတ်သက်ပြီး ၎င်းက အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ GSP အခွင့်အရေးကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ကစပြီး ပေးအပ်ခဲ့သော်လည်း မြန်မာ့ရေထွက် ပစ္စည်းများကို GPS မရမီ ကတည်းက တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု NMFS (National Marine Fisheries)သည် ပင်လယ်နို့တိုက်သတ္တဝါ ကာကွယ်ရေး ဥပဒေကို ပြဌာန်း အကောင်အထည်ဖော် လျက်ရှိ ကြောင်း၊ ထိုဥပဒေပါ စံနှုန်းများကို ကျော်လွန်ပြီး နို့တိုက်သတ္တဝါများ မတော်တဆ သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းတို့ကြောင့် ဖမ်းဆီးရမိသော ငါးများကို အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှုကို တားမြစ်ထားကြောင်း၊ အမေရိကန်သို့ ရေထွက်ပစ္စည်း တင်ပို့သည့်နိုင်ငံသည် ငါးဖမ်းဆီး ထုတ်လုပ်ခြင်းဆိုင်ရာ သတင်း အချက်အလက်များကို NMFS သို့ ပေးပို့ရမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသည် ပင်လယ်နို့တိုက်သတ္တဝါ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် စိစစ်၍ ပြည်ပမှ တင်သွင်းလာသော ရေထွက် ပစ္စည်းစာရင်းကို ထုတ်ပြန်ပေးမှာ ဖြစ်ကြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် အဆိုပါ ဥပဒေနှင့် ငါးသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ ညွှန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများကို အမေရိကန်နိုင်ငံ NMFS သို့ ပေးပို့ထားပြီး ဖြစ်ပါကြောင်းနှင့် EU နိုင်ငံများသို့ ငါးတင် ပို့ခွင့် ရရေးအတွက် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်း ဖြေကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.