Connect with us

Politics, Law & Military

၂၀၁၇ -၁၈ ဘဏ္ဍာနှစ် ပင်စင်လစာငွေပေါင်း ကျပ် ၇၄၂ ဘီလျံ ရှိ

ပြည်သူ့လွှတ်တော်အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် အတွက် နိုင်ငံတော်က ကျခံ သုံးစွဲရသည့် ပင်စင် အသုံးစရိတ်မှာ ကျပ် ၇၄၂ ဘီလျံ ရှိသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“နိုင်ငံဝန်ထမ်းများ တိုးတက် ခန့်အပ်လာခြင်း၊ ပြည်သူတို့၏ မျှော်မှန်း သက်တမ်း တိုးတက်လာခြင်း တို့ကြောင့် ပင်စင်စား အင်အားနဲ့ အသုံးစရိတ်တွေက နှစ်စဉ် တိုးတက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၈ မတ် လကုန်အထိ ပင်စင်စား ဦးရေ ၉၃၈၅၅၁ ဦးရှိကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံ့ ဝန်ထမ်း ပင်စင် စနစ်သည် နိုင်ငံတော် ဘတ်ဂျက်မှ တိုက်ရိုက် ကျခံ သုံးစွဲသော စနစ် ဖြစ်ကြောင်း လည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.