Politics, Law & Military
၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ မေလ အထိ လူကုန်ကူးမှု ၈၅ မှုဖော်ထုတ်ဖမ်းဆီးနိုင်

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ မေလ အထိ လူကုန်ကူးမှု ၈၅ မှုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်း ရေးအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
လူကုန်ကူးမှုအမှုပေါင်း ၈၅ မှုတွင် တရားခံပေါင်း ၂၃၁ ဦး လူကုန်ကူးခံရသူပေါင်း ၁၃၃ ဦးရှိကြောင်း သိရသည်။ ၎င်းလူကုန်ကူးခံရသူ ၁၃၃ ဦးတွင် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၁၄ ဦး၊ ကလေး မိန်းကလေး ၅ ဦးပါဝင်ကြောင်း သိရသည်။
လူကုန်ကူးမှုဖြစ်ပွားမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃ မှု၊ မန္တလေးတိုင်းဒေသကြီး တွင် ၁၃ မှု၊ ကရင်ပြည်နယ်တွင် ၁ မှု၊ ရှမ်းပြည်နယ် တွင် ၂၆ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၄ မှု၊ ကချင်ပြည်နယ်တွင် ၅ မှု၊ တနသာၤရီတိုင်းဒေသကြီးတွင် ၁ မှု၊ ရခိုင်ပြည်နယ်တွင် ၂မှု၊ မွန်ပြည်နယ်တွင် ၂ မှု၊ နေပြည်တော် တွင် ၂ မှု၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ၂ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄မှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။ (Xinhua)