Connect with us

Politics, Law & Military

ပဲခူးတိုင်းဒေသကြီး၌ တရားမဝင်သစ် ၂၆တန်ကျော် ဖမ်းဆီးရမိ

တရားမဝင်သစ်ခွဲသားများတင်ဆောင်ထားသော မော်တော်ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ- သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ပန်းတောင်းမြို့နယ်၊ ပြည်-တောင်ကုတ်ကားလမ်းတွင် တရားမဝင်သစ် ၂၆တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်-တောင်ကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁/၄)နှင့် (၁/၅)အကြားနေရာ၌ ယာဉ်(၂)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၂၁၃)ချောင်း (၂၆.၂၇၄၀)တန်အား ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးရမိ တရားမဝင်သစ်များ၊ ယာဉ်များနှင့် ဆက်စပ်ပက်သတ်သောတရားခံများအား ရှာဖွေစုံစမ်းဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.