Connect with us

Politics, Law & Military

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

မူးယစ်ဗဟိုနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းကောက်ယူခြင်း ရလဒ်များအား အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ မူးယစ်ပြတိုက်၌ ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။

၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုမှာ ဟက်တာ ၅၅,၀၀၀ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဟက်တာ ၄၁,၀၀၀ ထိရှိခဲ့၍ ၂၅ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ်တွင် ဟက်တာ ၃၄,၃၀၀ စိုက်ပျိုးမှု ရှိခဲ့၍ ၂၀၁၇ ခုနှစ်ထက် ထပ်မံ၍ ၉.၁ ရာခိုင်နှုန်း လျော့ကျခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း မူးယစ်ဗဟိုအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူက အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၀၆ ခုနှစ်တွင် ဟက်တာ ၂၁၅၀၀ ထိ အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း ၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ဘိန်းစိုက်ပျိုးမှုသည် အထိုက်အလျောက် ကျဆင်းခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ်တွင် အများဆုံး လုပ်ကိုင်နေပြီး ကချင်ပြည်နယ် ၊ ကယားပြည်နယ်များတွင်လည်း စိုက်ပျိုး သည်ကို တွေ့ရှိရကြောင်း သိရသည်။ယခုအခါ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လောင်း မြို့နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်မြို့နယ်များတွင် ရေရှည်တည်တံ့မည့် အစားထိုးဖွံ့ဖြိုရေး လုပ်ငန်းများကို ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး(UNODC) ၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB)တို့ဖြင့် ပူးပေါင်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့စစ်တမ်းကောက်ယူခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တရားမဝင် သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများကို သိရှိနိုင်ရန် နှင့် ယင်းဒေသရှိ ဒေသခံများ၏ ဘိန်းစိုက်ပျိုးမှု အပေါ် မှီခိုနေရသော လူမှုစီးပွား အခြေအနေများကို သိရှိနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကို ၁၉၉၉ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းနှင့် နောက်တိုး ၅ နှစ် စီမံကိန်းများကို ၂၀၁၉ ခုနှစ်ထိ ရေးဆွဲကာ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ထို့အတူ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒအသစ်ကို ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလတွင် အတည်ပြုနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် နိုင်ငံတကာသို့ ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်ကြောင်း ၊ အသစ်ရေးဆွဲပြီးသော မူဝါဒလုပ်ငန်းစဉ်များအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မူးယစ်ဗဟိုအဖွဲ့အနေဖြင့် အမျိုးသား မဟာဗျူဟာစီမံချက် (National Strategic Plan)ရေးဆွဲထားရှိပြီး ဘိန်းစိုက်ပျိုးမှုလျော့ချရေးကို အဓိကအခန်းကဏ္ဍအဖြစ် ထည့်သွင်းရေးဆွဲထားရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.