Connect with us

Politics, Law & Military

တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ပွိုင့် ၂၂ သေနတ် ၁ လက်၊ကျည် ၈ တောင့်နှင့် လိုင်စင်မဲ့ယာဉ် ၁ စီး ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သက်သေခံ ပစ္စည်းများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကျည် ၈ တောင့်နှင့် လိုင်စင်မဲ့ယာဉ် ၁ စီးဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ၂၃း၀၅နာရီ အချိန် တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရဲကင်းရှေ့၌ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့သည် မွန်ပြည်နယ်မှ ထားဝယ်သို့ စောမျိုးနိုင် (ခ) ဝင်းနိုင်(၃၉)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ စောဝင်းစိန်(၅၆)နှစ် လိုက်ပါလာသည့် 4G/×××× Nissan Elgrand (လိုင်စင်မဲ့)ယာဉ်အား ရပ်တန့်စစ်ဆေးရာ စောမျိုးနိုင်(ခ)ဝင်းနိုင် လွယ်ထားသည့်ဘေးလွယ်အိတ် အတွင်းမှ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ၎င်းကျည် ၈ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့သဖြင့် စောမျိုးနိုင်(ခ)ဝင်းနိုင်ပါ၂ ဦး(ဖမ်းမိ)အား ထားဝယ်မြို့မရဲစခန်း (ပ)၁၂၁/၂၀၁၉၊ ပို့/သွင်း ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း၊ (ပ) ၁၂၂/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ၁၉(စ)ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.