Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် ဦးစားပေးလုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထုတ်ပြန်

ပြည်ထောင်စုတရားလွှတ်တော်ချုပ် အဆောက်အုံအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထောင်စုတရားလွှတ်တော်ချုပ်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ နယ်စပ်ဖြတ်ကျော် တရားမမှုခင်းများနှင့် စီးပွားရေးမှုခင်းများတွက် ဒေသတွင်း တရားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်အပါအဝင် ၂၀၂၀ ပြည့်နှစ် ဦးစားပေးလုပ်ငန်းစဉ်များ နှင့်ပတ်သက်၍  ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဦးစားပေးလုပ်ငန်းစဉ်များတွင် တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့်အမှုများ ပြီးပြတ်မှုနှုန်းကို လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ရန်၊နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ခရိုင်တရားရုံး (၂၅) ရုံးနှင့် မြို့နယ်တရားရုံး (၁၀၉) ရုံးတွင် တိုးချဲ့ အကောင်အထည်ဖော်ရန်၊ အမှုများ စံသတ်မှတ်သည့်အချိန်ကာလအတွင်း ပြီးပြတ်မှုနှင့် အမှုရုံးချိန်းသေချာ စေမှု တိုးတက်အောင် ဆောင်ရွက်ရန်၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကို မြို့နယ်တရားရုံး (၆) ရုံးတွင် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊တရားရုံးများတွင် အထူးသက်သေစစ်မေးခန်းများနှင့် ဗီဒီယိုဖြင့် စစ်ဆေးသည့် အထောက်အပံ့ပစ္စည်းများ တိုးချဲ့ဆောင်ရွက်ရန်၊တန်ဖိုးနည်းသက်သာခွင့် တောင်းဆိုသော တရားမမှုများအတွက် လုပ်ထုံးလုပ်နည်းများ၊ လူမွဲခံယူခြင်းဆိုင်ရာ နည်းဥပဒေများ စသည့် ဥပဒေမူဘောင်သစ်များ ထုတ်ပြန်ရေး ဆောင်ရွက်ရန်၊ကူးသန်းရောင်းဝယ်ရေးတရားရုံး တည်ထောင်ရေးအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲရန်၊  တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းအစီအစဉ်များ ချမှတ်ရန်၊တရားရုံးစီရင်ချက်များ ထုတ်ပြန်ရေးအတွက် အိုင်တီနည်းပညာစနစ်တစ်ခု တည်ဆောက်ရန်၊တရားသူကြီးများနှင့် တရားရေးအရာရှိများ၏တရားစီရင်ရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို မြှင့်တင်ရန် တို့ အားဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်ထဲတွင် ပါရှိသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၉ ခုနှစ် ဆောင်ရွက်ချက်များကို ၂၀၁၉ ခုနှစ် တရားရုံး နှစ်စဉ်အစီရင် ခံစာနှင့် ၂၀၂၀ ပြည့်နှစ် လုပ်ငန်းအစီအစဉ်များကို တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း တတိယနှစ် အစီအစဉ် (၂၀၂၀) တို့တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.