Connect with us

Politics, Law & Military

NLD ပါတီ နာယက ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ် ၂၀ အမိန့်ချ

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယကအဖွဲ့ဝင် ဦးဝင်းထိန်ကို ယနေ့ (အောက်တိုဘာ ၂၉ ရက်)၌ နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးမှ ထောင်ဒဏ်အနှစ်(၂၀)ချမှတ်လိုက်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ဆင်ဟွာသို့ပြောကြားသည်။ဦးဝင်းထိန်ကို ဖေဖော်ဝါရီလအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် တရားစွဲဆိုထားကြောင်း၊ အဆိုပါ ပုဒ်မသည် ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ကြောင်း သိရသည်။

ဦးဝင်းထိန်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ကာ လွှတ်တော်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက် နေ့က တရားစွဲဆိုခဲ့ပြီး တရားစွဲခဲ့သည့် အကြောင်းအရာသည် ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီးပြည်သူများဆီကို ပေးခဲ့သည့် ပန်ကြားစာကြောင့်ဖြင့်ကြောင်း သိရသည်။
လက်ရှိတွင် ဦးဝင်းထိန်သည် အသက် ၈၀ ဝန်းကျင်ရှိပြီး NLDပါတီ၏ နာယကတစ်ဦးဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.