Politics, Law & Military
ကချင်ပြည်နယ်တွင် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများအား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်မှ ပြည်သူသို့တင်ပြ

ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်တွင်၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွင်း တရားစီရင်ရေးကဏ္ဍတွင် အမှုကြီး ၁ဝ မျိုးဖြစ်ပွားမှု ၂ဝ၊ စွဲဆိုမှု နှစ်မှု၊ လက်ကျန် ၁၈ မှု၊ အခြားအမှု ခုနစ်မျိုး၊ ဖြစ်ပွားမှု ၁၄၈ မှု၊ စွဲဆိုမှု ၁၉ မှု၊ ပိတ်သိမ်းမှု တစ်မှု၊ အမှုလက်ကျန် ၁၂၈ မှု၊ ကြိုတင်ကာကွယ်မှု ၁ဝ မျိုး ဖြစ်ပွားမှု ၂၃၂ မှု၊ စွဲဆိုမှု ၁ဝ၅ မှု၊ အမှုလက်ကျန် ၁၂၇ မှုရှိကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင် မှ တစ်နှစ်တာဆောင်ရွက်ချက်များအား ပြည်သူ့သို့တင်ပြခဲ့သည်။
ပြည်နယ်လုံခြုံရေးကို တပ်မတော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များက ကာကွယ်ရေး၊ လုံခြုံရေးကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့စစ်တို့ကလည်း ကူညီကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်သည် အဓိကသီးနှံ ၁ဝ မျိုးကို စိုက်ပျိုးလေ့ရှိပြီး စပါးစိုက်ဧက စုစုပေါင်း လေးသိန်းလေး သောင်းကျော်ရှိပြီး တစ်ဧကအထွက်နှုန်း ၆၈. ၇၂ တင်း ထွက်ရှိနေရာ စုစုပေါင်း ၂၅,၁ဝ၄,၈ဝ၆ တင်းထွက်ရှိ ပြီး ဖူလုံမှုရာခိုင်နှုန်းမှာ ၁၂၂ . ၄၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
စားသုံးဆီလိုအပ်မှုမှာ ၁၆,ဝ၉၆ မက်ထရစ်တန်လိုအပ်ပြီး ထုတ်လုပ်မှုမှာ ၁၇၆၂၂ . ၆၅ မက်ထရစ်တန်ဖြစ်သဖြင့် ဆီဖူလုံမှုမှာလည်း ၁ဝ၉ ရာခိုင်နှုန်းရှိကြောင်း၊
ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်၊ဘဲများကို မွေးမြူ ထားရှိပြီး အသား၊ ငါး ၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ ထုတ်လုပ်လျက်ရှိရာ ဒေသတွင်းစားသုံးရန် ဖူလုံမှုရှိကြောင်း ဝန်ကြီးချုပ်မှ ပြည်သူသို့တင်ပြခဲ့သည်။
ကချင်ပြည်နယ်အတွင်း တွင်းထွက်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် သတ္တုတူးဖော် ထုတ်လုပ်မှုလုပ်ငန်းတွင် ခဲမဖြူ ၉. ဝ၇၉ တန်ထုတ် လုပ်ခဲ့သည်။ ကျောက်မျက်ထုတ်လုပ်မှုအနေဖြင့် ရွှေ ၇၃ဝ ဒသမ ၈ဝ ပိဿာ၊ ကျောက်စိမ်းထုတ်လုပ်မှုအနေဖြင့် နိုင်ငံတော်နှင့် အကျိုးတူကျောက်မျက်ကုမ္ပဏီများမှ တူးဖော်ထွက်ရှိမှု ၁ဝ၆၄ဝ . ၁၆၅ တန်၊ တန်ဖိုး ကျပ်သန်း ၃၁၃၁၆ .၂၃၈၊ ရတနာအခွန် ကျပ်သန်း၆၂၆၃.၂၄၇ နှင့် ပုဂ္ဂလိကကျောက်မျက်ကုမ္ပဏီများ မှ တူးဖော်ထွက်ရှိမှု ၁၃၄၄၃. ၉၈၈ တန်၊ တန်ဖိုး ကျပ်သန်း ၃၃၇၂၈ .၂ဝ၇၊ ရတနာအခွန် ကျပ်သန်း ၆၇၁၃ .၄၉၈ တန်ဖိုးနှင့် ရတနာအခွန်ကောက်ခံ ရရှိကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာန လမ်း/တံတားဆောင်ရွက်ခဲ့မှုအခြေအနေမှာ မူလရှိပြီးသား ကတ္တရာလမ်း (၆၇၄/၆)မိုင်ရှိပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် (ယခုနှစ်) ကတ္တရာလမ်း ထပ်မံဆောင်ရွက်မှုမှာ (၇၄/၃)မိုင်ဖြစ်သည်။ တံတားများဆောက်လုပ်မှုအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် Box Culvert အပါ ပေ ၁၈ဝ အောက်တံတား အစင်း ၆၅ဝ နှင့် ပေ ၁၈ဝ အထက် တံတား ရှစ်စင်း တည်ဆောက်နိုင်ခဲ့သည်။
မြစ်ကြီးနား – နမ္မတီး – တနိုင်း – ပန်ဆောင်လမ်းကို မြောက်ပိုင်းတော်ဝင်ကျောက်စိမ်းကုမ္ပဏီမှ B.O.T စနစ် ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံချက်အရမိုင် (၃၂/၇ မှ ၅၂/၇)ထိ မိုင် ၂ဝ ကတ္တရာခင်းခြင်းလုပ်ငန်းမှာ အမာခံသဲကျောက်ခင်းခြင်း လုပ်ငန်း မိုင် ၂ဝ ပြီးစီးပြီဖြစ်ပြီး ကွန်ကရစ်အခြေခံလွှာခင်းခြင်းလုပ်ငန်းမှာ လဝါးဘက်မှစတင်၍ မီတာ ၃ဝဝ ခင်းပြီးဖြစ်သည်။ Box Culvert ၄၅ ခု၊ ကွန်ကရစ် ရေပြွန် ရှစ်ခု၊ ဝဲ/ယာကွန်ကရစ်ရေမြောင်းဝဲဘက် ၁၁၅၆၃ ပေ၊ ယာဘက် ၁၃၃၅၈ ပေဆောင်ရွက်ပြီးဖြစ်သည်။ တံတား ကြီး သုံးစင်းလည်း တည်ဆောက်လျက်ရှိသည်။
မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်းသည် ပြည်ထောင်စုလမ်းမကြီးဖြစ်၍ ၁၂ လရာသီသွားလာနိုင် ရေးအတွက် စီမံကိန်းရေးဆွဲပြီး ဗွက်တန်းနေရာများအား တောင်ချဲ့၍ ကွန်ကရစ်လမ်းခင်းခြင်း၊ မြစ်ကြီးနားမှ တီယန်စွတ်ကြား ၃၄ ပေအကျယ်တောင်ချဲ့ခြင်း၊ ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်ကုန်တွင် မြစ်ကြီးနားမှ တီယန်စွတ်ရွာအထိ တောင်ချဲ့ခြင်းလုပ်ငန်းများ ပြီးစီး မည်ဖြစ်ကြောင်း ပြည်သူသို့ ထည့်သွင်းတင်ပြခဲ့သည်။ (Xinhua)