Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော်က တစ်နှစ်တာအတွင်း ဥပဒေ ၂၀ အားပြဌာန်းပေးနိုင်ခဲ့ကြောင်း ပြည်သူသို့တင်ပြ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်အားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော် အနေဖြင့် ပြင်ဆင်ခဲ့သည့် ဥပဒေ(၉)ခု၊ အသစ်ပြဋ္ဌာန်းသည့် ဥပဒေ (၂)ခု ၊ ရုပ်သိမ်းသည့်ဥပဒေ (၆)ခု၊ တည်ဆဲဥပဒေများအားရုပ်သိမ်း၍ အသစ်ပြဋ္ဌာန်းခဲ့သည့် ဥပဒေ(၂)ခု ၊ စီမံကိန်း၊ ဘတ်ဂျက်၊ အခွန်အကောက် ဆိုင်ရာဥပဒေ (၁)ခု စုစုပေါင်း ဥပဒေ ၂ဝ ကို ပြဋ္ဌာန်းပေးနိုင်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က တစ်နှစ်တာဆောင်ရွက်မှုအားပြည်သူသို့တင်ပြခဲ့သည်။

ပြည်သူ့လွှတ်တော်မှ စတင်ဆွေးနွေးခဲ့သော ဥပဒေ (၈) ခု၊ အမျိုးသားလွှတ်တော်မှ စတင်ဆွေးနွေးခဲ့သောဥပဒေ (၉) ခု၊ ပြည်ထောင်စုလွှတ်တော်၌ပင် ဆောင်ရွက်ရသည့် ဥပဒေ (၃) ခုကို ယခုကျင်းပလျက်ရှိသော လွှတ်တော်အစည်း အဝေးများတွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အလျင်စလို ငှားရမ်းရောင်းချ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုနှင့် သဘောတူညှိနှိုင်းမှုများမပြုလုပ်ဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း တည်‌့မတ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကဲ့သို့သော အဆို (၁၂) ခုကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြောင်း၊ အတည်မပြုနိုင်သော်လည်း မှတ်တမ်းတင်အဆို (၂၁) ခုကို ပြည်သူ့အကျိုးအတွက် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

အစိုးရအဖွဲ့ကတာဝန်ခံထားသော အုပ်ချုပ်မှုတစ်ရပ်ရပ်နှင်‌့ သက်ဆိုင်စေသည့်ကိစ္စရပ်များအား မေးမြန်းခဲ့သော မေးခွန်းများမှ ကြယ်ပွင့်ပြမေးခွန်း နှုတ်ဖြေ ၄၆၇ ခု၊ ကြယ်ပွင့်ပြ မေးခွန်း စာဖြေ ၉၅ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၁၉၇ ခု စုစုပေါင်းမေးခွန်း ၁၇၅၉ ခုကို မေးမြန်းနိုင်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မှ ပြည်သူသို့ တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.