Politics, Law & Military
ကညင်ချောင်း စီးပွားရေးဇုန်တည်ဆောက်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊မောင်တောမြို့ ကညင်ချောင်းစီးပွားရေးဇုန်တည်ဆောက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် သံတွဲမြို့ ငပလီလေဆိပ်အနီး ပြည်နယ်အစိုးရဧည့်ဂေဟာနှင့် ဆက်စပ် အဆောက်အဦများ ဆောက်လုပ်ရေးလုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို မေ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ယခုထက်ပိုပြီး ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်း များရှိလျှင်လည်း ဆက်လက်ရင်းနှီးမြှုပ်နှံကြစေကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်း ရှင်များကိုလည်း ဖိတ်ခေါ်ကာ ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကို ပြည်တွင်းနှင့်သာမက ပြည်ပနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
မောင်တောမြို့ ကညင်ချောင်းစီးပွားရေးဇုန်တည်ဆောက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် သံတွဲမြို့ ငပလီလေဆိပ် အနီး ပြည်နယ်အစိုးရဧည့်ဂေဟာနှင့် ဆက်စပ် အဆောက်အဦများ ဆောက်လုပ်ရေး လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို မေ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။(Xinhua)