Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း ကျပ် သိန်း၄၈၀၀၀ တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်းရှိ သဝန်ချောင်းကင်းစခန်း၌ ကျပ် သိန်းပေါင်း ၄၈၀၀၀ တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြားများဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

သဝန်ချောင်းကင်းစခန်းမှ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့သည် မေ ၈ရက် နံနက် ၉ နာရီတွင် WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၈၅၀၀၀ ပြားအားနှင့်အတူ အောင်ကျော်နိုင်နှင့် ရသေ့တောင် မြို့နယ် ဆင်ပိုက်ရွာမှ အောင်သန်းဌေးတို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ စိတ်ကြွဆေးပြား များမှာ အောင်သန်းဌေး၏ မိခင်နေထိုင်သည့် ရသေ့တောင်မြို့နယ်၊ ကုန်းတန်းကျေးရွာရှိ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ်၊ ကုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူးပါဝင်သော ပူးပေါင်းအဖွဲ့နှင့် အောင်သန်းဌေး၏ မိခင်ဒေါ်ကျင်စိန်နေထိုင်သည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်းမှ အဝါရောင် ဆာလာအိတ် (၈) အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြားများအား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါအိတ်များထဲမှ ကျပ်သိန်းပေါင်း ၄၈၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားပေါင်း ၁၆ သိန်းကို ထပ်မံဖမ်းဆီး ရမိခဲ့ရာ စုစုပေါင်း WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၇၈၅၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံ အောင်ကျော်နိုင်၊ အောင်သန်းဌေးနှင့် မိခင်ဖြစ်သူ ဒေါ်ကျင်စိန်တို့အား စေတီပြင် နယ်မြေရဲစခန်းတွင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့် အရေးယူမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.